Samsung Galaxy A series တွေရဲ့ ပထမဆုံး 108 MP ကင်မရာ၊ FHD+ Super AMOLED+ မျက်နှာပြင်တို့နဲ့ အလွင့်စား Galaxy A73 5G ကို ကြိုတင်မှာယူနိုင်

နောက်ဆုံးပေါ် Samsung Galaxy A73 5G တွင် Galaxy A Series စမတ်ဖုန်းများအနက် ပထမဦးဆုံးအဖြစ် 108 MP Main ကင်မရာအား အခြားသော စွမ်းဆောင်ရည်မြင့် ကင်မရာများ (12MP Ultra Wide, 5MP Bokeh နှင့် 5MP Macro) နှင့် ‌ပေါင်းစပ် ထည့်သွင်းပေးထားပြီး အဆင့်အမြင့်မားဆုံးသော Night Mode၊ Cinematic Videos နှင့် Portrait Mode များကိုလည်း ထည့်သွင်းပေးထားသည့်အတွက် ပြင်ပလောကနှင့် ထပ်တူကျသော ပုံရိပ်များအား ကြည်လင်ပြတ်သားမှု အပြည့်နှင့် အချိန်မရွေး နေရာမရွေး မလွတ်တမ်း ရိုက်ကူး သိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် 120Hz Refresh Rate ပါရှိသည့် ကြီးမားကျယ်ပြန့်သော ၆.၇” FHD+၊ Super AMOLED+ Infinity-O မျက်နှာပြင်၊ 25W Super Fast Charging အထောက်အပံ့ ပါရှိသည့် ၂ ရက်တာ အသုံးခံသော 5,000mAh ဘက်ထရီ နှင့် မြန်ဆန်မှု အပြည့်ရှိသော Snapdragon 778G Processor၊ Premium အဆင့် အသံအရည်အသွေး နှင့် IP67 အဆင့်ရှိ Water & Dust Resistance အပါအဝင် စမတ်ဖုန်းတစ်လုံးတွင် ပါရှိနိုင်သည့် အမြင့်မားဆုံး စွမ်းဆောင်ရည်များအား ထည့်သွင်းပေး ထားသည့် Galaxy A73 5G စမတ်ဖုန်းသည် အသုံးပြုသူများ၏ စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြံများအား တစ်ခေတ် ဆန်းသစ် သွားစေမည် ဖြစ်သည်။

ကြိုတင်မှာယူမှုအစီအစဉ်နှင့် အထူးခံစားခွင့်များ

Samsung Myanmar၏ နောက်ဆုံးပေါ် Galaxy A73 5G စမတ်ဖုန်းအားကြိုတင်မှာယူလိုသူများအနေနှင့် ၂၀၂၂ခုနှစ် ဧပြီလ ၁၈ ရက် မှ ၂၇ရက် အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်စာရင်းသွင်း မှာယူနိုင်ပြီဖြစ်သည်။ Samsung Galaxy A73 5G (8+256GB) စမတ်ဖုန်းအား စွဲမက်ဖွယ် အရောင် ၃ ရောင် (Awesome Gray, Awesome Mint နှင့် Awesome White) အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပြီး ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၁,၂၁၉,၀၀၀ ဖြင့် ဝယ်ယူသွားနိုင်မည် ဖြစ်သည်။

Galaxy A73 5G စမတ်ဖုန်းအား Samsung Myanmar အရောင်းဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စမတ်ဖုန်း အရောင်းဆိုင်များတွင် ကြိုတင်မှာယူနိုင်မည့်အပြင် Samsung Myanmar ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://www.samsung.com/mm/smartphones/galaxy-a/ နှင့် Shop.com မှတဆင့်လည်း အိမ်တိုင်ရာရောက် လွယ်ကူလျင်မြန်စွာ မှာယူရရှိနိုင်ပြီ ဖြစ်သည်။ သုံးစွဲသူများ ပိုမို အဆင်ပြေလွယ်ကူမှု ရှိစေရန်အတွက် Samsung Myanmar သည် ကြိုတင်မှာယူမှုများအား Mobile Banking မှတဆင့် အပြည့်အဝ လက်ခံပေးသွားရန်လည်း စီစဉ်ပေးသွားမည် ဖြစ်သည့်အပြင် နိုင်ငံတစ်ဝန်းမှ ကြိုတင်မှာယူသူများအနေနှင့် CB Bank ၏ IPP Store  အား အသုံးပြု၍ ၆ လအထိ အတိုးမဲ့ (0% Interest) အရစ်ကျဝယ်ယူသွားနိုင်မည်ဖြစ်သည်။

ကြိုတင်မှာယူသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၅၀,၀၀၀ အားပေးသွင်းပြီး ၎င်းတို့၏ စမတ်ဖုန်းအသစ်များအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများ၌ လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်မည် ဖြစ်သည့်အပြင် Samsung Myanmar မှပေးအပ်သော Travel Adapter နှင့် Silicone Cover with Strap (ပစ္စည်းလက်ကျန်ရှိသည်အထိသာ) များကိုလည်း အထူးအခွင့်အရေးအနေနှင့် ရရှိသွားမည် ဖြစ်ပါသည်။

အထူးအာမခံ ဝန်ဆောင်မှု

ထို့အပြင် သုံးစွဲသူများ အနေနှင့် အထူးအာမခံ အခွင့်အရေး ဖြစ်သည့် No Worry Crack ဝန်ဆောင်မှုအဖြစ် မတော်တဆ ဖြစ်ရပ်များကြောင့် Galaxy A73 5G စမတ်ဖုန်း၏ ရှေ့မျက်နှာပြင်ထိခိုက်ပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၅၀% အထိ သက်သာခွင့်တစ်ကြိမ် အား (ဝယ်ယူသည့်နေ့မှ ခြောက်လအထိ) ခံစားသွားနိုင်မည် ဖြစ်သည်။ (ဤအာမခံသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ ထိ အကျုံးဝင်သည်)

လက်ရှိကိုင်ဆောင်ထားသော စမတ်ဖုန်းများဖြင့်လဲလှယ်ခြင်း အစီအစဉ်

၂၀၁၉ အထက်ရှိ  Samsung နှင့် Apple စမတ်ဖုန်းမော်ဒယ်များ နှင့် ၅ သိန်း အထက်တန်ဖိုးရှိ အခြားစမတ်ဖုန်းအမျိုးစားများအား ကိုင်ဆောင်ထားသူများ အနေနှင့်  လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ၎င်းတို့၏ စမတ်ဖုန်းများအား နောက်ဆုံးပေါ် Galaxy A73 5G စမတ်ဖုန်းနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း Samsung Myanmar မှ စီစဉ်ပေးထားသည်။ ထို့အပြင် ထိုသို့လဲလှယ် ဝယ်ယူမှုများအတွက် Samsung Myanmar သည် Galaxy A73 5G အား လဲလှယ်ဝယ်ယူသူများအတွက် ထပ်ဆောင်း အပိုလက်ဆောင် မြန်မာငွေကျပ် ၁၀၀,၀၀၀ တို့ကိုလည်း ထပ်မံ၍ ‌ပေးအပ်သွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Samsung Contact Center 01-2399888 ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

Previous
Previous

ဈေးသက်သာပြီး ကြော်ငြာပါဝင်တဲ့ Netflix Plan တစ်ခု ထွက်ရှိလာမယ်လို့ Netflix CEO ပြော

Next
Next

Realme Q5 နဲ့ Q5 Pro Display နဲ့ Specs တွေထွက်ပေါ်လာ