ဒီနှစ်ထဲမှာ ထွက်လာမယ့် Apple Watch Features အသစ်တွေ

Apple Watch လို့ပြောလိုက်တာနဲ့ လူတိုင်းပြေးမြင်တာက Apple Watch ကြောင့်အသက်မသေလိုက်တဲ့ သူတို့၊ Accidnet ဖြစ်တာ Apple Watch ကအကြောင်းကြားပေးလို့ အသက်မဆုံးရှုံးဘူးတို့ စတဲ့ သာဓကတွေပဲဖြစ်ပါလိမ့်မယ်။ နှစ်စဥ်တိုင်းလည်း ​Apple Watch ကို ဝယ်ယူနေကြဆဲဖြစ်ပါတယ်။

Appleအနေနဲ့ ဒီနှစ်မှာ Body Temperature ကိုတိုင်းတဲ့ Sensorအပြင် တစ်ခြား ကျန်းမာရေးလုပ်ဆောင်ချက်တွေကို ထည့်သွင််းဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သွေးဖိအားနဲ့ သွေးတွင်းအချိုဓာတ်တိုင်းတဲ့ လုပ်ဆောင်ချက်ကတော့ Development အခက်အခဲရှိလို့ ဒီနှစ်အတွင်း ထုတ်ပေးသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။​

Apple အနေနဲ့ Watch ဝတ်ဆင်ထားသူရဲ့ သွေးဖိအားနဲ့ တိုင်းတာနိုင်တဲ့ လုပ်ဆောင်ချက်နဲ့ Sensor ကိုထည့်သွင်းဖို့ ကြိုးစားနေခဲ့ပေမယ့် တိကျတဲ့ တိုင်းတာမှုရလဒ်တွေ မပေးနိုင်သေးတာမို့ ထုတ်လုပ်ဖို့ မဖြစ်နိင်သေးဘူးလို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက် အလုပ်ဖြစ်သွားရင် သွေးပေါင််ချိန်ခဏခဏ တိုင်းတာထက် လေဖြတ်နိုင််ချေရှိမရှိခန့်မှန်းတာမျိုးကို ပိုပြီး အသုံးချဖို့ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ Apple ကတော့ ဒီလုပ်ဆောင်ချက်အတွက် ၄ နှစ်လောက် အချိန်ယူထားတယ်လို့ဆိုပါတယ်။ ဒီနှစ်ထဲမှာ မထုတ််ပေးနိုင်သေးပေမယ့် 2025 နှစ်စလောက်မှာတော့ ထွက််လာဖို့ သေချာတယ်။

ဒါ့အပြင် Apple အနေနဲ့ သွေးတွင်း အချိုဓာတ် Level ကိုတိုင်းတာနိုင်တဲ့ နည်းပညာတစ်ခုကိုလည်း တီထွင်နေတယ်လို့ ဆိုပါတယ််။ ဒီနည်းပညာကိုတော့ စမ်းသပ်နေဆဲဖြစ်ပြီး စိတ်ချရတဲ့ အခြေအနေမရောက်းမချင်း ထုတ်ပေးမှာမဟုတ်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် Health App ထဲမှာတော့ Glucose Meter တစ်ခုကိုထည့်ပြီး ဆီးချိုသမားတွေအတွက် မှတ်တမ်းသဘောမျိုးသုံးနိုင်အောင် ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင်အမျိုးသမီးတွေအတွက် အိပ်ချိန်မှတ််ထားပေးတာမျိုး၊ Fitness Tracker နဲ့ Period ကိစ္စတွေအတွက် မှတ်တမ်းယူထားပေးတာမျိုးတွေလည်း ထည့်ပေးသွားဖို့ရှိတယ်လို့ ပြောကြားထားပါတယ်။ Apple WatchOS 9 မှာ အသစ်ပါဝင်လာမယ့် Features တွေအတော်လေးများမယ်လို့ ခန့်မှန်းရပါတယ်။

Ref : Mac Rumors

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Realme Q5 နဲ့ Q5 Pro Display နဲ့ Specs တွေထွက်ပေါ်လာ

Next
Next

အသစ်ထွက်လာတဲ့ Telegram Update Features အသစ်များ