RCS Messaging အသုံးပြုဖို့ Apple ကို တိုက်တွန်းနေတဲ့ Android

RCS Messaging ဆိုတာက Rich Communication Services ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်။ လောလောဆယ် Android ဖုန်းတွေမှာအသုံးပြုနေတဲ့ Text Messaging တွေဟာ RCS စနစ်ကိုအသုံးပြုထားတာဖြစ်ပါတယ်။ RCS စနစ်ဟာ Texting စနစ်မှာ အတော်လေးရှေ့ခေတ်မှီတဲ့ နည်းစနစ်ဖြစ်သလို Operation System မရွေး၊ ဖုန်းမရွေးပဲ ပို့ဆောင်နိုင်တဲ့ စနစ်ဖြစ်သလို၊ လုံခြုံရေးပိုင်းမှာလည်း အတော်လေး စိတ်ချယုံကြည်ရတဲ့ စနစ်တစ်ခုပါ။

Apple အသုံးပြုနေတဲ့ SMS, MMS စနစ်ဟာ ၉၀ခုနှစ်တွေတုန်းက စနစ်ဟောင်းဖြစ်ပြီး Apple ဖုန်းအချင်းချင်းသာ Messaging ပို့ဆောင်နိုင်ပြီး Android ဖုန်းတွေကနေ SMS, Image တွေပို့ရင် အဆင်ပြေပြေမပို့နိုင်သလို၊ လုံခြုံရေးအရလည်း RCS လောက်ကောင်းမွန်ခြင်းမရှိနေပါဘူး။ ဒါကြောင့် Apple ကို RCS စနစ် အသုံးပြုဖို့အတွက် Android အနေနဲ့ ကမ်ပိန်းလုပ်ပြီး တိုက်တွန်းနေခြင်းဖြစ်ပါတယ်။ Android အနေနဲ့ Website မှာ Landing Webpage တစ်ခုပါသပ်သပ်လုပ်ပြီး Apple ကိုတိုက်တွန်းနေပါတယ်။

RCS စနစ်ဟာ Apple အသုံးပြုနေတဲ့ SMS, MMS တွေထက်ပိုကောင်း၊ ပိုလုံခြုသလို Apple အနေနဲ့ ပြောင်းလဲဖို့လည်း မခက်ခဲတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Apple အနေနဲ့ဘာလို့ RCS ကိုမပြောင်းလဲနိုင်ရသလဲဆိုတာ စဥ်းစားစရာဖြစ်ပါတယ်။ ဒါ့အပြင် RCS မှာ iMessage မှာလိုမျိုး ဓာတ်ပုံပို့တာတွေ၊ Read, Typing တွေကိုသိရဖို့ Internet မလိုသလို၊ Text ကနေပြီး ဓာတ်ပုံပို့တာတွေ၊ Video ပို့တာတွေကို Fiel Size ပိုကြီးတာတွေလည်း ပို့နိုင်ပါသေးတယ်။ ဒါ့အပြင် MMS စနစ်မှာ Group Messaging တွေကနေထွက်လို့လည်းမရပါဘူး။

Apple iMessage အသုံးပြုသူတွေအနေနဲ့ Apple ရဲ့ကန့်သန့်ချက်တွေကြောင့် ခုလိုလုပ်ဆောင်ချက်တွေမှာ ကန့်သန့်ချက်တွေ ကြုံနေရသလို၊ သူငယ်ချင်းတွေကို iPhone သုံးဖို့ တိုက်တွန်းတာတွေနဲ့ Text ပို့တဲ့နေရာမှာ လုံခြုံမှုမရှိတာတွေ၊ Quality ညံ့တဲ့ပုံတွေကို ကြည့်ဖို့အတွက် တိုင်ပတ်နေတာတွေကို ဖြေရှင်းဖို့အတွက် #GetTheMessage ဆိုပြီး Social Campaign အကြီးကြီး Run နေတာဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Android ဖုန်းမှာ အထာကျကျ Wifi Password Share ကြမယ်

Next
Next

ပုံစံ ၂မျိုး၊ ဒီဇိုင်း ၅ မျိုးထိ ခွဲထွက်လာမယ့် OnePlus Nord Watch