ပုံစံ ၂မျိုး၊ ဒီဇိုင်း ၅ မျိုးထိ ခွဲထွက်လာမယ့် OnePlus Nord Watch

OnePlus Nord လို့ဆိုလိုက်တာနဲ့ OnePlus ကို Budget Version အနေနဲ့ ထုတ်ပေးနေတာကို စိတ်ထဲပြေးတွေးကြမယ်ထင်ပါတယ်။ OnePlus အနေနဲ့ နောက်ထပ် Budget Friendly ဖြစ်မယ့် Nord Watch ကိုထုတ်ပေးသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

OnePlus Nord Watch ကို အဝိိုင်းနဲ့ လေးထောင့် Shape ၂ မျိုးကိုမှ ဒီဇိုင်း ၅ မျိုးထိကွဲပြားအောင် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ လောလောဆယ် Render Design တွေ Online မှာပေါက်ကြားလာပါတယ်။ လေးထောင့်ပုံစံမှာ ဒီဇိုင်း ၂ မျိုးထွက်လာမှာဖြစ်ပြီး အဝိုင်းမှာတော့ ဒီဇိုင်း ၃ မျိုးထွက်လာမှာပါ။

အဝိုင်း ပထမဒီဇိုင်းမှာတော့ ဘေးဘောင်ပါးပါးလေးမှာ ခလုတ် ၂ ခုပါဝင်ပြီး နောက်တစ်ခုကတော့ ဒီဇိုင်းအတူတူကိုမှ ဘေးဘောင်အနည်းငယ်ထူပါမယ်။ နောက်ဆုံး အဝိုင်းဒီဇိုင်းကတော့ ဘေးဘောင်ပါးပါးလေးကိုမှ ခလုတ်တစ်ခုပဲပါတဲ့ ဒီဇိုင်းပဲဖြစ်ပါတယ်။ လေးထောင့်ပုံစံမှာတော့ ဘေးဘောင်အပါးတစ်ခုနဲ့ ဘေးဘောင်အနည်းငယ်ထူတဲ့ ဒီဇိုင်းဆိုပြီး ၂ခုရှိပါတယ်။ ၂ခုလုံး ခလုပ်တစ်ခုစီရှိပါတယ်။

Screen Resolution အနေနဲ့ကတော့ အဝိုင်းပုံစံတွေမှာ 240x240px , 390x390px အနေနဲ့ထွက်ရှိမှာဖြစ်ပြီး၊ လေးထောင့်ပုံစံတွေမှာတော့ 40 x 280px ဒါမှမဟုတ် 368 x 448px အနေနဲ့ထွက်လာမှာပါ။ ဈေးအနေနဲ့ကတော့ မြန်မာငွေ ၁သိန်းနဲ့ ၂သိန်းခွဲကြားဖြစ်လာမယ်လို့ ခန့်မှန်းထားပြီး ECG, Heart Rate Sensor နဲ့ Smart Watch မှာပါလေ့ရှိတဲ့ Feature တွေအကုန်ပါလာပါလိမ့်မယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

RCS Messaging အသုံးပြုဖို့ Apple ကို တိုက်တွန်းနေတဲ့ Android

Next
Next

Default End-to-End Encryption ပါဝင်လာပြီဖြစ်တဲ့ Messenger