Android ဖုန်းမှာ အထာကျကျ Wifi Password Share ကြမယ်

အရင်တုန်းကလို Wifi Password မေးရင် လူကြားထဲ Password ကိုပါးစပ်ကနေ အကျယ်ကြီးအော်ပြောတုန်းလား၊ ဒါမှမဟုတ် ဖုန်းကိုယူပြီးရိုက်ပေးလိုက်တုန်းလား၊ ဒါမှမဟုတ် လူမသိအောင် တိုးတိုးလေး ကပ်တိုးလေးပေးနည်းသိချင်လား?? Android အသုံးပြုသူတွေအနေနဲ့ ခုဖော်ပြပေးမယ့်နည်းလေးတွေကို စမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ပထမနည်းကတော့ QR Code ကိုသုံးပြီး ရှဲတာပဲဖြစ်ပါတယ်။ ပထမဆုံး ကိုယ်မျှဝေပေးမယ့် Wifi ဟာ ကိုယ့်ဖုန်းမှာ အရင်ဆုံး Connect ဖြစ်နေဖို့လိုပါတယ်။ ချိတ်ပြီးရင် ကိုယ့်ဖုန်းရဲ့ Setting ထဲက Wifi ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် WIfi Detail ပေါ်လာပါမယ်။ Wifi Details ထဲမှာ Wifi QR Code ဆိုတာကို နှိပ်လိုက်တာနဲ့ ဖုန်းမှာ Password ရှိရင် Password ထည့်ပြီးတာနဲ့ Wifi Username နဲ့ Password အတွက် QR Code ရပြီမို့ Wifi သုံးမယ့်သူရဲ့ ဖုန်းထဲက Scanner App တစ်ခုခုနဲ့ Scan လိုက်ရင် အဆင်ပြေပါပြီ။ အော်ဟစ်ပြီး Username Password ပေးဖို့မလိုတော့ပါဘူး။

နောက်တစ်ခုကတော့ Nearby Sharing ပဲဖြစ်ပါတယ်။ ဒီကောင်ကိုသုံးမယ်ဆိုရင်တော့ အပေါ်က QR နဲ့ Share ဖို့လုပ်တဲ့အဆင့်တွေကို အကုန်လုပ်ရပါမယ်နောက်ဆုံး QR ပေါ်လာတဲ့အခါ အောက်မှာ Nearby Sharing ဆိုတာရှိပါတယ်။ အဲ့တာကို နှိပ်လိုက်မယ်ဆိုရင် Bluetooth လိုမျိုး Visual Option တွေကိုမြင်ရမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ဖွင့်လိုက်ရင် အနီးနားမှာ ဘယ်ဖုန်းတွေရှိလဲဆိုတာကို အလိုအလျောက်ပြသမှာဖြစ်ပြီး Wifi Share ပေးချင်တဲ့ဖုန်းကို ရွေးချယ်ပေးလိုက်ရင် ဟိုဖက်ဖုန်းမှာ Noti တက်လာပြီး Accept လုပ်လိုက်ရင် Wifi ချိတ်သွားပါလိမ့်မယ်။

ခုလိုနည်းတွေနဲ့ အထာကျကျ၊ လူကြားထဲမှာ စကားတွေအများကြီးနဲ့ အကျယ်ကြီးပြောစရာမလိုပဲ Wifi Password ကိုလည်း လူတိုင်းမသိအောင် တိုးတိုးတိတ်တိတ် မျှဝေလို့ရပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

တရုတ်မှာ Driverless Taxi ပထမဆုံးအသုံးပြုမယ့် Baidu

Next
Next

RCS Messaging အသုံးပြုဖို့ Apple ကို တိုက်တွန်းနေတဲ့ Android