Ray Tracing နဲ့ Wifi 7 ပါဝင်တဲ့ Snapdragon 8 Gen 2

Qualcomm က Snapdragon 8 Gen 2 ကိုထုတ်ပြလိုက်ပါတယ်။ Gen 1 ထက်အများကြီးပိုမြန်၊ အများကြီးပိုကောင်းလာတယ်လို့ ဆိုပါတယ်။ အဲ့တော့ ဖုန်းထဲမှာဆိုရင် ဘယ််လို Performance ထွက်လာမလဲဆိုတာတော့ စောင့်ကြည့်ရပါမယ်။ Gen 2 နဲ့ ဖုန်းတွေကလည်း ထွက်လာဖို့ အများကြီးရှိနေပါတယ်။ ဒီ Chip ရဲ့ Codename ကတော့ SM8550-AB ဖြစ်ပြီး 4nm Architecture နဲ့ထွက်လာမှာဖြစ်ပါတယ်။

Gen 2 မှာ Power Efficiency ကိုအဓိကအသားပေးထားပေမယ့်လည်း Performance ပိုင်းကို လုံးဝကျမသွားပဲ ပိုတိုးလာစေတာ တစ်ကယ်အားရဖို့ကောင်းပါတယ်။ Kryo CPU trio အသစ်ဟာ Performance ကို 35% ပိုမြန်လာစေပြီး၊ Power Efficiency ကို 40% ပိုသက်သာစေပါတယ်။ Clock Speed ကတော့ Gen 1 နဲ့အတူတူလို့ဆိုပါတယ်။ ဒါပေမယ့် Single Kryo Prime core တစ်ခုကပဲ Single Performance 3.2GHz ကိုထုတ်ပေးနိုင်ပါတယ်။

နောက်တစ်ခုက Memory ပိုင်းမှာ ပိုကောင်း ပိုမြန်လာစေဖို့ LPDDR5X ကိုသုံးထားပေးပြီး Storage Connection အတွက် UFS 4.0 ကိုသုံးထားပေးပါတယ်။ GPU ကလည်း 25% higher performance & 45% higher power efficiency လို့ Qualcomm ကအော်ထားပါတယ်။ နောက်တစ်ခုကတော့ Ray Tracing ပဲဖြစ်ပါတယ်။ အဲ့တော့ သေချာပါတယ်။ Gaming Phone တွေ အသည်းအသန်မြင်ရဦးမှာပါ။

ကင်မရာပိုင်းမှာလည်း triple 18-bit ISP ကြောင့် 36MP cameras ၃ လုံးကို တစ်ပြိုင်နက် ထိန်းပေးထားနိုင်ပြီး 200MP နဲ့ 108MP Camera တွေကို Zero Shutter Speed Lagနဲ့ရိုက်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် 5G 2SIM Standby သုံးထားနိုင်ပြီး၊ Download Speed 10Gbps ထိရမှာပါ။

လောလောဆယ်မှာတော့ Xiaomi, Oneplus, Sony, Asus, Sharp စတဲ့ နာမည်ကြီး ဖုန်းကုမ္ပဏီတွေအကုန် Snapdragon Gen 2 ကို သုံးဖို့တန်းစီနေကြပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဝန်ထမ်းတွေထွက်ကုန်လို့ Twitter ရုံးတွေပိတ်ထားရ

Next
Next

ကျွန်းခံတော့မယ့် Honor 80 Series