ကျွန်းခံတော့မယ့် Honor 80 Series

Honor အနေနဲ့လာမယ့် November 23 မှာ ဖုန်းအသစ်တစ်ခုကို မိတ်ဆက်သွားဖို့ ကြေငြာထားပြီးတဲ့နောက်မှာတော့ Honor 80 Series အကြောင်းကို Weibo မှာ ကြော်ငြာလိုက်ပါတယ်။ ဒါကြောင့်လာမယ့် ဗုဒ္ဓဟူးနေ့မှာ Honor 80 Series ကိုမြင်ရတော့မှာပါ။

Weibo မှာဖုန်းပုံတွေကို ဖက်ရှင်ဒီဇိုင်နာနဲ့ Celebrity တွေကလည်း တင်ထားကြပြီး Honor 80 Series အတွက် Promotion ပိုင်းကိုတာဝန်ယူထားကြတဲ့သူတွေဖြစ်ဟန်တူပါတယ်။​

ထူးခြားတာတစ်ခုက Honor 80 Series မှာ iPhone 14 တွေလိုပဲ Front-facing Camera 2 ခုကို သုံထားပေးလို့ Dynamic Island ပုံစံလို Notification နဲ့ကျွန်းကြီး၊ကျွန်းငယ် အသွယ်သွယ်ကို မြင်ရတော့မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျောဖက်မှာရှိတဲ့ ကင်မရာ၂ခုကလည်း တစ်ခုနဲ့တစ်ခု Twist လုပ်ပြီးလိမ်ထားတဲ့ အင်္ဂလိပ် နံပါတ် 8 ပုံစံ ပဲဖြစ်ပါတယ်။ ခုလို ကင်မရာဒီဇိုင်းနဲ့ First Look ပဲထွက်လာသေးပြီး ကျန်တဲ့အသေးစိတ်ကတော့ စောင့်ကြည့်ရပါမယ်။

အရင်တုန်းက Rumors တွေထွက်ထားတဲ့အတိုင်း Dimensity 1080 နဲ့ Honor 80 ရိုးရိုး၊ Snapdragon 778G, 108MP Camera နဲ့ Honor 80 Pro။ နောက်ဆုံးတစ်ခုက Snapdragon 8 Gen 1, 160MP Camera ပါဝင်တဲ့ Honor 80 Pro Special Edition ဆိုပြီး ၃ မျိုးထွက်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။

မိတ်ဆွေတို့ရော Honor ဖုန်းသုံးနေကြလား? အရင်ကရော သုံးဖူးကြလား??

ကျွန်တော့်ရဲ့ ပထမဆုံး Honor ဖုန်းက Honor 4X ဗျ...

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Ray Tracing နဲ့ Wifi 7 ပါဝင်တဲ့ Snapdragon 8 Gen 2

Next
Next

Google Pixels ဖုန်းတွေကို Password မလိုပဲ ဖွင့်လို့ရတဲ့ အားနည်းချက်ကို Hacker တစ်ယောက်က ဖော်ထုတ်