PlayStation VR2 ကိုအတည်ပြုလိုက်တဲ့ Sony

Sony ကတော့သူတို့ရဲ့မျိုးဆက်သစ် VR Headset ရဲ့နာမည်ကိုအတည်ပြုလိုက်ပါတယ်။ နာမည်ကတော့ PlayStation VR2 ပဲဖြစ်ပါတယ်။ Sony Interactive Entertainment ရဲ့ ဥက္ကဥ နဲ့ CEO ဖြစ်တဲ့ Jim Ryan က Sony ရဲ့ CES 2022 မှာကြေငြာလိုက်တာပဲဖြစ်ပါတယ်။ အခုလိုကြေငြာလိုက်တာဟာလွန်ခဲ့တဲ့ နှစ်နှစ်က PS5 ကိုပထမဆုံး Logo ပြလိုက်တဲ့ပုံစံတောင်သတိရသွားစေပါတယ်။ အခု PlayStation VR2 ရဲ့ Logo ဟာလည်း PS3 နဲ့ PS4 Logo နဲ့ဆင်တူပါတယ်။

Headset ကဘယ်လိုပုံစံ ဒီဇိုင်းမျိုးလည်းဆိုတာ‌တော့အခုထိမမြင်ရသေးပါဘူး။ဒါပေမဲ့ သူ့မှာပါဝင်လာမဲ့နည်းပညာပိုင်းဆိုင်ရာအညွှန်းတွေတော့သိရပါပြီ။ PS VR2 ဟာ PS5 နဲ့တွဲသုံးနိုင်မှာပါ။နောက်ပြီး PS VR2 နဲ့အလုပ်တူတူတွဲလုပ်မဲ့ Controller ကိုတော့ Sony က Sense Controller လို့နာမည်ပေးထားပါတယ်။ Headset မှာ Haptic feedback , Eye tracking , 4K HDR နဲ့ 90hz နဲ့ 120 Hz ပါ support ပေးမှာပါ။ Foveated rendering အပြင် Field of view ကလည်း 110 degree အထိ support ပေးမဲ့အပြင် PS5 ကိုလည်း USB-C cable တစ်ချောင်းထဲနဲ့ Connect လုပ်နိုင်မှာပါ။

PS VR2 ရဲ့ပထမဆုံး ဂိမ်းဖြစ်တဲ့ Horizon call of the Mountain ကိုလည်းကြေငြာလိုက်ပါတယ်။ Horizon Forbidden West ရဲ့နောက်ဆက်တွဲဖြစ်ပြီး Sony ရဲ့ 2022 အတွက် ပထမဆုံး ကြေငြာတဲ့ဂိမ်းလည်းဖြစ်ပါတယ်။

Author: Hein Htet

Ref: theverge

Previous
Previous

Intel မှ 12th Gen Alder Lake chipset တွေကို CES 2022 မှာမိတ်ဆက်

Next
Next

CES 2022 မှာမိတ်ဆက်မဲ့ HDMI 2.1a | စိတ်ရှုပ်စရာကောင်းတဲ့ Standard အသစ်ထပ်တိုးလာပါပြီ။