Intel မှ 12th Gen Alder Lake chipset တွေကို CES 2022 မှာမိတ်ဆက်

Intel ကတော့ Fastest mobile processor ဆိုပြီး Hybrid Architecture အသုံးပြုထားတဲ့ Core i9-12900 HK ကိုမိတ်ဆက်လိုက်ပါတယ်။

AMD ရဲ့ Ryzen 9 5950X Flagship chipset ကို Gaming နဲ့ Productivity အားလုံးနီးပါးမှာ ကျော်တက်မဲ့ Performance ဖြစ်ပြီး Intel အတွက်လည်းကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ အခုတော့ Intel က Laptop အတွက် 45W H-series chipset ကနေစပြီးဒီဇိုင်းပိုင်းကိုပါပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ 2022 မှာ intel ယှဉ်ပြိုင်ရမှာ AMD တစ်ခုတည်းမဟုတ်တော့ပါဘူး။ Apple ရဲ့ M1 အမျိုးတွေပါယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ Reviewer တွေ စမ်းခဲ့သမျှထဲမှာ Performance အကောင်းဆုံး လို့ဆိုရမဲ့ MacBook Pro model တွေမှာပါဝင်တဲ့ M1 pro နဲ့ M1 Max တို့ပဲဖြစ်ပါတယ်။ အဲ့တော့ Intel အနေနဲ့လိုက်မှီဖို့လုပ်ရမှာတွေအများကြီးပါပဲ။

Gaming နဲ့ Productivity ပိုင်းမှာ AMD ရဲ့ Ryzen 5900HX ကိုနောက်ကောက်ချန်ထားနိုင်မဲ့ Core i9-12900HK ဟာ 5.0GHz boosted speed အထိရရမှာဖြစ်ပါတယ်။ အရင် Intel processor တွေထက် ၂၈ ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ ဒါပေမဲ့ 28 ရာခိုင်နှုန်းပိုမိုမြန်ဆန်တယ်ဆိုတာကလည်း ဂိမ်းအဟောင်းဖြစ်တဲ့ League of Legend မှာပဲဖြစ်ပြီး ဂိမ်းအသစ်တွေဖြစ်တဲ့ Assassin’s Creed Valhalla , Gear 5 တို့လိုဂိမ်းတွေကတော့ ပိုမိုကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုတွေရရှိဦးမှာပဲဖြစ်ပါတယ်။

အလုပ်လုပ်တဲ့အပိုင်းမှာ‌တော့ Premiere Pro မှာ Benchmarks score 44 ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာဖြစ်ပြီး Apple ရဲ့ M1 chipset ကိုလည်း ကျော်တက်နိုင်မှာဖြစ်တယ်လို့ပြောပါတယ်။ Intel က Performance ပိုင်းမှာပဲအဓိက ကောင်းမွန်အောင်လုပ်ထားတဲ့အတွက် Battery life မှာတော့အများကြီးတိုးတက်ပြောင်းလဲလာမှာမဟုတ်ပါဘူး။Battery life မှာတော့ Apple ကဆရာကြီးပါပဲ။ 

Performance ပိုင်းမှာတော့ Intel 12Gen မှာ Wi-Fi 6E , Thunder bolt 4, PCIe 4.0 DDDR5 နဲ့ LPDDR5 တို့ကိုပါ Support ပေးမှာြဖစ်ပါတယ်။ CES မှာမိတ်ဆက်သွားတာတွေက Intel 12Gen ရဲ့ First wave ပဲရှိပါသေးတယ်။ အခု မိတ်ဆက်သွားတာတွေက Performance ပိုင်းကိုပဲအဓိကဦးစားပေးထားတဲ့ 45W H-series တွေပဲဖြစ်ပြီး 15W နဲ့ 9W U-series နဲ့ 28W P-series တို့ထက်လာဦးမှာဖြစ်ပါတယ်။

Previous
Previous

CES 2022 မှာ VISION-S ရဲ့ SUV version ကို Sony ထုတ်ဖော်ပြသ

Next
Next

PlayStation VR2 ကိုအတည်ပြုလိုက်တဲ့ Sony