CES 2022 မှာမိတ်ဆက်မဲ့ HDMI 2.1a | စိတ်ရှုပ်စရာကောင်းတဲ့ Standard အသစ်ထပ်တိုးလာပါပြီ။

HDMI standard တွေကတော်တော်လေးစိတ်ရှုပ်ဖို့ကောင်းပါတယ်။ HDMI 2.1 ဆိုရင် အခု TV တော်တော်များမှာသုံးနေကြပြီး နောက်ဆုံးပေါ် ဂိမ်းစက်တွေဖြစ်တဲ့ PS5, Xbox series X တို့မှာ 120Hz အထိထောက်ပံ့ပေးထားတာပဲဖြစ်ပါတယ်။ 

အခု 2022 CES မှာ HDMI forum ကနေပြီးတော့ HDMI 2.1a ကို ထပ်ပြီးကြေငြာဖို့ရှိတယ်လို့သိရပါတယ်။

HDMI 2.1a မှာ လုပ်ဆောင်ချက်အသစ်တွေထပ်ထည့်ပေးထားပါတယ်။ HDMI 2.1 မှာပဲထပ်ဖြည့်ထားတာပါ။ Source base Tone Mapping (SBTM) ပါ။ သူက HDR Feature အသစ်ဖြစ်ပြီး computer သို့မဟုတ် ဂိမ်းစက်ကနေထွက်လာတဲ့ HDR tone တွေကို TV သို့မဟုတ် Monitor တွေနဲ့လိုက်ပြီး ညှိပေးတာပါ။ ဒါဟာ HDR standard အသစ်တော့မဟုတ်ပြန်ပါဘူး။ HDR 10 နဲ့ Dolby vision ကိုလည်းအစားထိုးဖို့မဟုတ်ပါဘူး။ ရှိပြီးသား HDR setup ကိုပဲသုံးတဲ့လူက ကွန်ပြူတာ နဲ့ Monitor ကြားမှာ ကိုယ်တိုင်ချိန်စရာမလိုပဲ အလိုအလျောက်ချိန်ပေးတဲ့သဘောမျိုးပါပဲ။

HDMI forum ကတော့ ဒီ လုပ်ဆောင်ချက်အသစ်ကို TV ထုတ်လုပ်သူတွေ ဂိမ်းစက် ထုတ်လုပ်သူတွေနဲ့ ကွန်ပြူတာ ထုတ်လုပ်သူတွေကို Firmware update ကနေတစ်ဆင့်ပေးနိုင်ဖို့လုပ်နေပါတယ်။ ဒါပေမဲ့ အသစ် ဝယ်ယူသူတွေလိုတော့ ဘူးထဲက ဖောက်ဖောက်ချင်းသုံးနိုင်မှာမျိုးတော့မဟုတ်ပါဘူး။ အခုလုပ်ဆောင်ချက်အသစ်ဖြစ်တဲ့ SBTM ဟာလည်း 10K resolution , 120Hz refresh rate တွေလိုမျိုး လိုကိုလိုအပ်တဲ့ Feature မျိုးတော့လည်းမဟုတ်ပြန်ပါဘူး။

Ref: theverge

Author : Hein Htet

Previous
Previous

PlayStation VR2 ကိုအတည်ပြုလိုက်တဲ့ Sony

Next
Next

Snapdragon 8 Gen 1 နဲ့ Xiaomi 12 series ကိုတရားဝင်မိတ်ဆက်