စိန်ခေါ်ရင် အာကာသထဲထိလိုက်မယ်ဆိုတဲ့ Android

Apple အနေနဲ့ iPhone 14 Series နဲ့အတူ Emergency Satellite Connection ကိုမိတ်ဆက်သွားတာ အားလုံးနီးပါးသိကြမယ်လို့ထင်ပါတယ်။ အရေးပေါ်အခြေအနေတွေမှာ အသုံးဝင်တဲ့ ဒီလုပ်ဆောင်ချက်ဟာ US နဲ့ Canada မှာသာ အသုံးပြုနိုင်သေးပါတယ်။ ဒါပေမယ့် ဒါကို Qualcomm ကငြိမ်ခံနေမှာမဟုတ်ကြောင်း ဒီနေ့ပဲထုတ်ပြလိုက်ပါတယ်။ နောက်လာမယ့် Premium Android ဖုန်းတွေမှာ Satellite ကိုအသုံးပြုပြီး အပြန်အလှန်စာပို့နိုင်မယ့် စာတိုပို့စနစ်ကို စတင်အသုံးပြုနိုင်တော့မယ်လို့ ကြေငြာလိုက်ပါတယ်။

ဒီလို Service ပေးနိုင်ဖို့ဆိုရင် အဓိကလိုအပ်တာက Satellite လိုအပ်တဲ့ ကုမ္ပဏီတွေပဲဖြစ်ပါတယ်။ ဒီအတွက်လည်း Qualcomm က ကမ္ဘာ့ပတ်လမ်းအနိမ့်ထဲမှာ ဂြိုလ်တု ၆၆ လုံးထိရှိတဲ့ Iridium ဆိုတဲ့ ကုပ္ပဏီနဲ့ လက်တွဲမှာပါ။ Apple လက်တွဲထားတာကတော့ Globalstar ဆိုတဲ့ Iridium နဲ့အပြိုင်ကုပ္မဏီပဲဖြစ်ပါတယ်။

Qualcomm အနေနဲ့ ဒီ Service ဟာ Emergencies တွေအတွက်တင်မဟုတ်ပဲ အပြန်အလှန် စာပို့တာ၊ တစ်ခြား Messaging Application တွေအတွက်ပါ Connection ကိုတည်ဆောင်ပေးဖို့အထိရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ တောတောင်တွေ၊ ရေမြေကြမ်းတမ်းတဲ့ဒေသတွေမှာ အဓိကအသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။

Snapdragon 8 Gen 2 ကိုအသုံးပြုထားတဲ့ ဖုန်းတွေမှာ Regionအလိုက်စတင်ပြီး ဒီလုပ်ဆောင်ချက်အသုံးပြုသွားနိုင်အောင် ၂၀၂၃ နှစ်လည်လောက်စတင်ပြီးလုပ်ဆောင်မယ်လို့ ဆိုပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက ဒီ Satellite Connectionကို Hotspot သဘောမျိုး Laptop တွေ၊ TV တွေကို ဖုန်းကနေတစ်ဆင့် ပြန် Share ပေးလို့ရနိုင်သေးတာပါ။ Qualcomm ကတော့ ကမ္ဘာ့ကြီးရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် Connection ရနေဖို့ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Ref : Qualcomm

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဆက်မထုတ်ဖြစ်တာသေချာသွားပြီဖြစ်တဲ့ iPhone SE series

Next
Next

မသန်စွမ်းတွေ PS5ဆော့နိုင်ဖို့အတွက် Project Leonardo