ဆက်မထုတ်ဖြစ်တာသေချာသွားပြီဖြစ်တဲ့ iPhone SE series

Apple အနေနဲ့ သူရဲ့ဈေးသက်သာတဲ့ SE Series ကိုရပ်နားလိုက်ပြီဖြစ်တဲ့အကြောင်း ကြေငြာလိုက်ပါတယ်။ ၂၀၁၆ ကနေစတင်ခဲ့တဲ့ SE series ဟာ Apple Product တွေကို ဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်မိတ်ဆက်ခဲ့တာဖြစ်သလို အားပေးသူတွေလည်း အထိုက်အလျောက်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဈေးတန်းမှာ ဒီလို Spec မဖြစ်သင့်ဘူးလို့ ပြောခဲ့ကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။

၂၀၂၂ မှာလည်း SE 3rd Gen ကိုမိတ်ဆက်ခဲ့ပေမယ့် အရင်မော်ဒယ်ထက် အများကြီးမပြောင်းလဲသွားတာမို့ တစ်ကိုယ်ရေအမြင်အရဆိုရင်တော့ သိပ်မတန်ဘူးလို့ ခံစားရပါတယ်။ iPhone 14 Series မှာတော့ လူတွေဟာ Base Model တွေထက် iPhone 14 Pro တွေကို ပိုစိတ်ဝင်စားပြီး ဝယ်ယူမှုများခဲ့တာကြောင့် Apple အနေနဲ့ Pro တွေဖက်ကို အာရုံစိုက်တော့မယ်လို့ ထင်ရပါတယ်။

လောလောဆယ်မှာတော့ Hardware Suppliers တွေကို SE series အတွက်လိုအပ်တဲ့ အပိုင်းတွေ အမှာစာတွေကို ရပ်နားလိုက်ပြီလို့ဆိုပါတယ်။ တစ်ကယ်တော့ နောက်နှစ်ထွက်လာမယ့် iPhone SE ဟာ iPhone 16 အတွက် Apple ကိုယ်ပိုင် 5G Chip ကိုစမ်းသပ်ထည့်သွင်းမယ့် ဖုန်းဖြစ်ပါတယ်။ ဒါပေမယ့် SE Series Cancel သွားပြီမို့ Apple အနေနဲ့ လောလောဆယ် အသုံးပြုနေဆဲဖြစ်တဲ့ Qualcomm Chips တွေကိုပဲ ဆက်သုံးနေရမယ့် အလားအလာပါပဲ။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အသက်ပြည့်၊မပြည့်စစ်ဆေးတော့မယ့် Porn Website တွေ

Next
Next

စိန်ခေါ်ရင် အာကာသထဲထိလိုက်မယ်ဆိုတဲ့ Android