မသန်စွမ်းတွေ PS5ဆော့နိုင်ဖို့အတွက် Project Leonardo

CES 2023 အတွင်း Sony ဟာ Project Leonardo ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီ Project ကတော့ မသန်စွမ်းသူတွေအတွက် အထူးပြုလုပ်ထားတဲ့ Customizable Controller ပဲဖြစ်ပါတယ်။ ဒီ Controller မှာ Button တွေကို ကိုယ်ကြိုက်သလို ထားလို့ရသလို၊ Profile တွေလည်း ခွဲထားလို့ရပါတယ်။

Controller ကိုအကြာကြီးကိုင်ဖို့ အခက်အခဲရှိတဲ့ Gamer တွေ၊ Button တွေကိုပုံမှန်အနေအထားနဲ့ သုံးဖို့အတွက် အဆင်မပြေတဲ့ Player တွေအတွက်တော့ ဒီ Project မှာပြထားတဲ့ Controller ကအဆင်ပြေစေမယ်လို့ Sony ကဆိုထားပါတယ်။ စက်ဝိုင်းပုံ Controller မှာ ဘေးပတ်လည်က ခလုပ်တွေထည့်ပေးထားသလို၊ အဆိုပါခလုပ်တွေကလည်း ကြိုက်သလို ဖြုတ်တပ်လုပ်လို့ရပါတယ်။

Joystick ကတော့ အကြီးကြီးတစ်ခုပါဝင်ပြီး ခလုပ်နဲ့ Joystick ကိုတွဲထားမလား၊ ခွဲထားမလားဆိုတာကလည်း ကိုယ့်အကြိုက်နဲ့ညှိပြီး တပ်ဆင်ထားလို့ရပါသေးတယ်။ လောလောဆယ်မှာတော့ အဆိုပါ Controller အတွက် Customize Key Mapping နဲ့ Customized Hardware တွေအတွက် Softwear Driver တွေကို Developing လုပ်နေဆဲဖြစ်ပြီး ဈေးနှုန်းအတိအကျနဲ့ တစ်ခြားအသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Ref : AndroidPolice

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

စိန်ခေါ်ရင် အာကာသထဲထိလိုက်မယ်ဆိုတဲ့ Android

Next
Next

Drone နဲ့ပစ္စည်းစပို့နေပြီဖြစ်တဲ့ Amazon