Privacy အတွက် Android ဖုန်းသုံးနေတဲ့ Apple ဝန်ထမ်းများ

ယခုလောလောဆယ် အမေရိကန်မှာရှိတဲ့ Tech ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ သပိတ်မှောက်မှုတစ်ချို့ ဖြစ်နေပါတယ်။ လုပ်ငန်းခွင်မှာ ခေါင်းပုံဖြတ်တာမျိုး၊ လစာတိုးမြှင့်ပေးဖို့နဲ့ ပိုမိုကောင်းမွန်တဲ့လုပ်ငန်းခွင်ရရှိဖို့စတဲ့ အကြောင်းပြချက်တွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာပါ။ ဒီအငြင်းပွားမှုဖြစ်စဥ်ထဲမှာ Apple လည်းပါဝင်နေပါတယ်။ Appleက ၂၀၂၀ မတိုင်ခင်ကတည်းက ကုမ္ပဏီမှာ ဝန်ထမ်းလုပ်နေသူတွေကို လစာတွေတိုးမြှင့်ပေးလိုက်တာကြောင့် လစာတိုးမပါသူတွေအနေနဲ့ သပိတ်မှောက်ကြတာဖြစ်ပါတယ်။ သပိတ်မှောက်တာမှာ Apple ဝန်ထမ်းတွေအနေနဲ့ iPhone. အသုံးပြုဖို့ငြင်းဆန်ပြီး Android ဖုန်းတွေကို အသုံးပြုတဲ့ လှုပ်ရှားမှုလည်း ပါဝင်ပါတယ်။

ဒီဖြစ်ရပ်ကို အလုပ်ရှင်ကို Boycott လုပ်တဲ့ဖြစ်ရပ်လို့ အပေါ်ယံထင်ရပေမယ့် Androidဖုန်းကို အသုံးပြုရခြင်း အကြောင်းအရင်း နောက်တစ်ခုလည်းရှိနေပါတယ်။ ဒါကတော့ အလုပ်သမားတွေကြား ဆက်သွယ်တဲ့အခါ လုံခြုံရေးအတွက်လို့ဆိုပါတယ်။

ယနေ့ခေတ်ဖြစ်ပွားတဲ့ အလုပ်ပြဿနာတွေမှာ သမ္မဂ္ဂတွေပါဝင်လာလေ့ရှိပါတယ်။ အမေရိကန်မှာရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကို ငွေကြေးဖောင်းပွမှုနဲ့ မတန်အောင် လစာလျော့ထားတယ်လို့ Apple အလုပ်သမားသမ္မဂ္ဂကဆိုထားပြီး လစာတိုးပေးရေးနဲ့ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်မှုပပျောက်ရေးကို တောင်းဆိုသွားမယ်လို့ဆိုပါတယ်။

ပုံမှန်ကုမ္ပဏီတွေမှာ အလုပ်သမားတွေကို ပြဿနာဖြေရှင်းပေးတဲ့အခါ ညှိနှိုင်းလိုက်၊ ဖြေလျော့လိုက်၊ ပြန််တင်းလိုက်နဲ့ပဲ ပတ်လည်ရိုက်ပြီးသွားကြပါတယ်။ ကုမ္ပဏီကြီးတွေအနေနဲ့ကတော့ လူထောင်၊ သောင်းချီပြီး အလုပ်ပေးရတာဖြစ်ပြီး လူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကိုယ့်ဝန်ထမ်းတွေ ဘာလုပ်နေသလဲဆိုတာမျိုးပါ နောက်ကွယ်မှာ စုံစမ်းနေတတ်ပါတယ်။ Apple မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်အတွက် iPhone သုံးနေရတာပိုပြီး အန္တရာယ်ကြီးပါတယ်လို့ အလုပ်သမားတွေဖက်ကဆိုပါတယ်။

Apple အလုပ်သမားတွေအနေနဲ့ Android ဖုန်းသုံးရုံမက Encrypted Messaging App တွေကိုပါအသုံးပြုနေတယ်လို့ဆိုပါတယ်။ Apple ဖုန်းတွေကို Marketing လုပ်တဲ့အခါ လုံခြုံရေးအတွက် အသားပေးပြီး ကြေငြာလေ့ရှိပေမယ့် ကုမ္ပဏီဝန်ထမ်းတွေကိုယ်တိုင် လုံခြုံရေးအကြောင်းပြထားတဲ့အတွက် တစ်ကယ်ရောလုံခြုံမှုရှိရဲ့လားဆိုတာပြန်စဥ်းစားရမှာဖြစ်ပါတယ်။

Ref : Gadgetmax

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာလို့ စစ်ဆေးခံနေရတဲ့ TikTok

Next
Next

Never Settle မယ့် OnePlus ပြန်လာတော့မလား