လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာလို့ စစ်ဆေးခံနေရတဲ့ TikTok

California, Florida, Kentucky နဲ့တစ်ခြား ပြည်နယ်အများစုက စုံစမ်းစစ်ဆေးရေးမှုးတွေအနေနဲ့ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင််ရာ ကျန်းမာရေးကို TikTok ကြောင့်ထိခိုက်လာနေတာရှိနိုင်တယ်ဆိုပြီး စုံစမ်းရေးအဖွဲ့နဲ့ စစ်ဆေးနေတာဖြစ်ပါတယ်။ ဒီအဖွဲ့အနေနဲ့ TikTok ရဲ့ ဒီဇိုင်းတွေနဲ့ လူငယ်တွေရဲ့ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်လဲဆိုတာကို လေ့လာတာဖြစ််ပါတယ်။

TikTok Algorithm အနေနဲ့ ဘယ်််user တွေကို ဘယ် Content ပေးမြင်မယ်ဆိုတာကို ထိန်းချုပ်ထားတာဖြစ်ပြီး engage ဖြစ်မဖြစ်ကို Algorithm ကပဲထိန်းချုပ်တာဖြစ်ပါတယ်။ TikTok အနေနဲ့ Algorithm အလုပ််လုပ်ပုံကို အနည်းငယ်ရှင်းပြခဲ့ပေမယ့် တစ်ကယ် အသေးစိတ်နားလည်ဖို့တော့မလွယ်ကူပါဘူး။ စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင်ပြောကြားချက််အရ TikTok အနေနဲ့ အသုံးပြုသူရဲ့တွေကို လူငယ်တွေကိုပဲ အဓိက ဂရုစိုက်ပြီး ရွေးချယ်ထားသလို TikTok ပေါ်မှာ အချိန်အကြာကြီး အသုံးပြုချင်လာအောင်် ဆွဲဆောင်ထားတဲ့ Algorithm ကိုအဓိကထားပြီး လေ့လာသွားမယ်လို့ဆိုပါတယ်။

TikTok အနေနဲ့ အစောပိုင်းကာလတွေမှာ သုံးစွဲသူလူငယ်တွေရဖို့အတွက် ပိုက်ဆံအတော်ကုန်ခဲ့တာပါ။ TikTok နဲ့ Business Modelဆင်တူတဲ့ Musical.ly အနေနဲ့ ကလေးငယ်တွေကို App သုံးဖို့ မိဘခွင့်ပြုချက် သေချာမတောင်းပန််ခဲ့လို့ လျော်ကြေးပေးခဲ့ရတာတွေရှိပါတယ်။ ဒါ့ကြောင့်မို့ TikTok အနေနဲ့ အသက် ၁၃ မပြည့်သေးပဲ App ကိုအသုံးပြုခြင်းမရှိအောင် တင််းတင်းကျပ်ကျပ် သတ်မှတ််ထားပါတယ်။ လတ်တလောမှာ တစ််ချို့ လေ့လာသူတွေအနေနဲ့ TikTok ကြောင့် လူငယ်တွေမှာ ကျန်းမာရေးထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ဆိုထားကြပါတယ်။

​TikTok ပြောရေးဆိုခွင့်ရှိသူ Ben Rathe ကတော့ " ခုလို လူငယ်တွေရဲ့ ကျန်းမာရေးအပေါ် ဂရုစိုက်ပေးတာကို လေးစားကြောင်းနဲ့ ခုလိုစုံးစမ်းလေ့လာမှုအတွက် လိုအပ်တဲ့ အချက်အလက်တွေ ကူညီပေးဖို့ အသင့်ပါ" လို့ပြောထားပါတယ်။

ဒီကိစ္စဟာ TikTok တစ်ခုတင်ပြီးသွားမှာ မဟုတ်ပဲ တစ်ခြား Social Media Platform တွေဖြစ်တဲ့ Meta, SnapChat တို့မှာလည်း အလားတူ လူငယ်တွေအပေါ် လွမ်းမိုးမှုဖြစ်နေပြီး ဆက်လက်စုံစမ်းမှုတွေရှိလာနိုင်ပါတယ်။ လတ်တလော လေ့လာချက်တွေအရ လူငယ်တွေအနေနဲ့ TikTok ပေါ်မှာ Facebook, Instagra တို့ထက် အချိန် ၂ ဆပိုပြီး ကုန်ဆုံးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်် လူငယ်တွေ YouTube ထပ် TikTok ကိုပိုပြီးကြည့်လာကြတယ်လို့လည်း ဆိုထားပါတယ်။

အမေရိိကန်သမ္မတ Joe Biden အနေနဲ့လည်း Social Media တွေကနေ ကလေးနဲ့ လူငယ်တွကို သက်ရောက်မှုတွေကို တတ််နိိုင်သမျှ ထိန်းချုပ်ဖို့ မှာကြားထားပြီး ကလေးငယ်တွေနဲ့ လူငယ်တွေအပေါ်မှာ Facebook, Instagram, TikTok တို့ သက်ရောက်မှုတွေကို ဆက်တိုက်ဆိုသလို လေ့လာစုံစမ်းသွားဖိုရှိတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ Meta အနေနဲ့လည်း TikTok နဲ့ အလားတူ စုံစမ်းမှုကို ခံယူနေရပါတယ်။

Ref: The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

TikTok သည် မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ်အသိပညာစင်တာ (Digital Literacy Hub) အသစ်ကို စတင်မိတ်ဆက်

Next
Next

Privacy အတွက် Android ဖုန်းသုံးနေတဲ့ Apple ဝန်ထမ်းများ