Never Settle မယ့် OnePlus ပြန်လာတော့မလား

မီဒီယာတွေ့စုံပွဲတစ်ခုမှာ OnePlus အနေနဲ့ Android 13 ပေါ်မှာ အခြေခံထားတဲ့ Oxygen Os 13 ကိုထုတ်ပေးမယ်လို့ ဆိုလာပါတယ်။ ကုမ္ပဏီအနေနဲ့ OnePlus ကို အချိန်ကြာကြီးသုံးလာတဲ့ အသုံးပြုသူတွေကို Stock Android Feeling ပြန်ရစေချင်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် Google နဲ့လည်း ဆွေးနွေးနေတယ်လို့ ကြေငြာထားပြီး ဘယ်အတွက် ဆွေးနွေးလည်းဆိုတာတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

တစ်ချိန်က လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ Oxygen Os ဟာဆိုရင် ပေါ့ပါးမှု၊ Performance ကောင်းမွန်မှု စတာတွေကြောင့် နာမည်ကြီးခဲ့ပြီး နှစ်အနည်းငယ်ကြာပြီးနောက်ပိုင်းမှာတော့ တစ်ဖြည်းဖြည်း အရင်လို Stock Android မဟုတ်တော့လို့ နာမည်ကျလာပါတယ်။ OnePlus 2.0 ကိုကြေငြာပြီးနောက်ပိုင်းမှာတော့ OnePlus Hardcore Fans တွေရဲ့အပြောအဆိုကို လုံးဝခံရတော့တာပါပဲ။

OnePlus အနေနဲ့လည်း ဒီအမှားကို ပြန်ပြင်ဆင်ဖို့အတွက် OnePlus CEO Pete Lau, Oppo Vice President Chris Shu, Oxygen Os/ Color Os Lead Dev Gary Chen တို့က မီဒီယာတွေ့ဆုံပွဲမှာ Oxygen Os 13 အကြောင်းကိုထုတ်ပြောလာတာဖြစ်ပါတယ်။ OnePlus အနေနဲ့ သူကိုယ်တိုင် သန့်သန့်လေးဖန်တီးခဲ့တဲ့ Fanbase ကိုသူကိုယ်တိုင်ဖျက်စီးခဲ့တာဖြစ်ပြီး လူကြိုက်များတဲ့ ဖက်ကိုရွေးခဲ့လို့ Oxygen Os 12 ကစလို့ ဝေဖန်မှုတွေ ရရှိနေခဲ့တာဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ Oxygen Os အပေါ်ခံယူထားတာက Stock Android နီးနီးပေါ့ပါးပြီး Optimized ဖြစ်ဖို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ Oxygen Os 13 ကို လူတိုင်းသဘောကျခဲ့တဲ့ အသုံးပြရရှင်းလင်းလွယ်ကူ မြန်ဆန်တဲ့ ခံစားချက်ကို ပြန်ပေးသွားမယ်" လို့ သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။

သို့ပေမယ့် Oxygen Os 11 လိုမျိုး လုံးဝ Pure Android မဟုတ်ပဲ Oxygen Os 12 လိုမျိုး ဖြစ်လာဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ OnePlus အနေနဲ့ ​Oxygen Os ကိုပိုပြီးကောင်းလာအောင် Google နဲ့ညှိနှိုင်းပြီး ပူးပေါင်းဖို့ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပြီး ဘာကိစ္စတွေနဲ့ ပတ်သတ်ပြီး ပူးပေါင်းနေတယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပါဘူး။ Google အနေနဲ့ကတော့ Android Update တွေအတွက် Android Major OEMsတွေနဲ့ အလုပ်တွဲလုပ်လေ့ရှိပြီး OnePlus ပြောတဲ့ဆွေးနွေးနေတယ်ဆိုတာက အရမ်းကြီးတော့ မထူးဆန်းဘူး ပြောလို့ရပါတယ်။

OnePlus အနေနဲ့ Fan တွေကိုချွေးသိပ်တဲ့အနေနဲ့ သပ်သပ်ပဲ သတင်းလွှင့်တာလား။ ဒါမှမဟုတ် တစ်ကယ်အစစ်အမှန် မူလပထမ Oxygen Osလိုမျိုး Stock နီးပါးကောင်းမွန်ရှင်းလင်းတဲ့ Oxygen Os ပြန်လာမလားဆိုတာကို ဒီနှစ်လည်လောက်ထွက်လာမယ့် Beta Update တွေမှာမြင်ရမှာပဲဖြစ်ပါတယ်။

Ref : Android Authority

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Privacy အတွက် Android ဖုန်းသုံးနေတဲ့ Apple ဝန်ထမ်းများ

Next
Next

ရုရှားမှာ Apple Products ရောင်းချမှုရပ်တန့်