Plastic လျော့ချဖို့အတွက် Charger ထည့်မပေးတာမျိုးတွေက တစ်ကယ်ထိရောက်ရဲ့လား?
နှစ််ပေါင်းများစွာ အော်ဟစ်လာခဲ့ကြတဲ့ Plastic ဟာ Recycle ဖြစ်တယ်ဆိုတဲ့ စကားဟာ တစ်ကယ်တော့ မဖြစ်နိုင်ပဲ ပိုပြီး ပလပ်စတစ်သုံးဖြစ်အောင် တိုက်တွန်းမှုသာလို့ US မှာရှိတဲ့ Green Peace ဆိုတဲ့ အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ ၂၀၂၁ မှာ အမေရိကန်တစ်နိုင်ငံ တစ်ခုတည်းမှာပဲ ပလပ်စတစ်တန်ပေါင်း ၅၁ သန်းကို စွန့်ပစ်ခဲ့ပြီး ထိုထဲက တန် ၂ သန်းခန့်ပဲ Recycle ဖြစ်ခဲ့ပါတယ်။ ဒါဟာ ရာခိုင်နှုန်းနဲ့တွက်ရင် စွန့်ပစ်မှုရဲ့ ၅ ရာခိုင်နှုန်းခန့်ပဲ ပြန်လည်အသုံးပြုခဲ့တယ်လို့ ယူဆနိုင်ပါတယ်။
တစ်ကယ်ပြန်လည် အသုံးပြုဖြစ်တဲ့ ပလပ်စတစ်တွေဟာလည်း စက်မှုလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုနိုင်တဲ့ ပမာဏကို မှီအောင် Recycle ဖြစ်တဲ့ အရည်အသွေးမရှိဘူးလို့ ဆိုပါတယ်။ ပလပ်စတစ်ကို အကြီးအကျယ်အသုံးပြုနေတဲ့ နိုင်ငံတွေမှာ Apple, Walmart လိုကုမ္ပဏီကြီးတွေလည်း ပါဝင်ပါတယ်။ ပလပ်စတစ်စတစ်ခုကို Recycle လို့သတ်မှတ်ဖို့ဆိုရင် အနည်းဆုံး အဆိုပါ ပလပ်စတစ်ရဲ့ ၃၀ ရာခိုင်နှုန်းဟာ Recycle ဖြစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းထုတ်လုပ်သူတွေ
ဒါ့အပြင် Recycle လုပ်နိုင်ဖို့အတွက်ဆိုရင် ပလပ်စတစ်ကို အသုံးပြုနေတဲ့ အမေရိကန်ပြည်သူတွေကလည်း Recycle Method တွေကို အသုံးပြုနိုင်ခွင့်ရှိရမယ်လို့ဆိုပါတယ်။ ဥပမာ Recycle ပစ္စည်းတွေဟာ တစ်ခြား ပစ္စည်းတွေထက် ဈေးသက်သာတာမျိုးနဲ့ Recycle နည်းစနစ်တွေကို စနစ်တကျ သိရှိတာမျိုးတွေဖြစ်ပါတယ်။
နည်းပေါင်းဆယ်ချီပြီး Recycling လုပ်တဲ့ စနစ်ကို ကုမ္ပဏီကြီးတွေက စားသုံးသူတွေတာဝန်ရှိမှု ထင်လာအောင် ပုံချနေပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတဲ့ အကြောင်းကို အဆိုပါအဖွဲ့ကပဲ ထုတ်ပြန်ထားပါသေးတယ်။ "တစ်ကယ်လေ့လာမယ်ဆိုရင် နှစ်စဥ်စွန့်ပစ်တဲ့ ပလပ်စတစ်တွေရဲ့ ၃ ရာခိုင်နှုန်းလောက်ကိုပဲ Recycle လုပ်နိုင်သေးတယ်။ ဒီထက်ပိုပြီး ကြိုးစားဖို့လိုတယ်" လို့ Green Peace အဖွဲ့ကပြောကြားခဲ့ပါတယ်။