EU ရဲ့ USB-C ပေါ်လစီ အတည်ပြုလိုက်ပြီ

လနဲ့ချီအောင် တရားရုံးနဲ့ ဥပဒေခွင်ထဲမှာ ဇာတ်လမ်းရှုပ်နေတဲ့ EU ရဲ့ ဥရောပမှာရောင်းချသမျှ လျှပ်စစ်ပစ္စည်းတွေ USB-C ကိုသာ အသုံးပြုရေးဟာ နောက်ဆုံးတော့ အတည်ပြုပေးလိုက်ပါပြီ။ နောက်နှစ် ၂၀၂၄ နှစ်ကုန်ကို နောက်ဆုံးထားပြီး ထွက်လာသမျှ လျှပ်စစ်ပစ္စည်းတွေဟာ EU မှာ တရားဝင် ရောင်းချဖို့ စိတ်ကူးထားရင် USB-C ကိုပဲအသုံးပြုရတော့မှာပါ။

မိုဘိုင်းဖုန်းတွေ၊ နားကြပ်တွေ၊ Tablet တွေ၊ Game Console တွေ၊ Keyboard တွေ အကုန်ုလုံးဟာ USB-C ကိုပဲ အသုံးပြုရမယ်လို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဒီသတင်းကို EU ရဲ့ တရားဝင် Twitter အကောင့်ကနေ တင်ထားပါတယ်။ မကြာခင်မှာပဲ EU ကိုဝင်သမျှ လျှပ်စစ်ပစ္စည်းတွေမှာ Charger ရဲ့ Performance ကိုဖော်ပြပေးမယ့် ပုံတွေနဲ့ အညွန်းတွေ ကပ်ထားပေးရမှာပါ။

ဒါ့အပြင် EU မှာရှိတဲဲ့ စားသုံးသူတွေဟာ ဖုန်းတွေဝယ်တဲ့အခါ Charger ပါတဲ့ Version, Charger မပါတဲ့ Version ဆိုပြီး ၂ ခုခွဲပြီး တရားဝင်ဝယ်ယူခွင့်ကို ရရှိမှာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ချမှတ်ရတဲ့အကြောင်းကတော့ စားသုံးသူတွေအနေနဲ့ မလိုအပ်ပဲ ပိုက်ဆံအပိုကုန်နေရတာကိုလျော့ချဖို့ရယ်နဲ့ Charger တွေကြောင့်ဖြစ်လာတဲ့ ပလတ်စတစ် စွန့်ပစ်မှုတွေကို လျော့ချဖို့ ဖြစ်ပါတယ်။ အပိုဆောင်းအနေနဲ့ Wireless Charging ကိုလည်းနောက်ပိုင်း ပိုမိုအားပေးဖို့ ကြိုးစားမယ်လို့ ဆိုထားပါတယ်။

ဒီစည်းမျဥ်းတွေဟာ EU ကိုသာမက တစ်ကမ္ဘာလုံးကို အကျိုးသက်ရောက်မှာပါ။ အဓိကတစ်ခုကတော့ Apple ဖြစ်ပြီး Apple အနေနဲ့ EU မှာဆက်လက်ပြီး စီးပွားရေးလုပ်မယ်ဆိုရင် USB-C ကိုပြောင်းကို ပြောင်းမှဖြစ်ပါတော့မယ်။ ဒီတော့ နောက်နှစ်ထွက်မယ့် iPhone 15 မှာ USB-C ပါဝင်လာဖို့ အတော်လေး သေချာသွားပါပြီ

Ref : Android Authority

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

High-end Series ဖုန်းထုတ်လာနိုင်တဲ့ Pixel

Next
Next

Plastic လျော့ချဖို့အတွက် Charger ထည့်မပေးတာမျိုးတွေက တစ်ကယ်ထိရောက်ရဲ့လား?