Ed Sheeran ရဲ့မထွက်ရသေးတဲ့ သီချင်းတွေခိုးယူသူ Hacker ထောင်ကျ

Ed Sheeran ရဲ့ မထွက်ရသေးတဲ့ သီချင်းတွေပါဝင်တဲ့ Laptop ကိုဖောက်ထွင်းပြီး သီချင်းတွေကို Dark Web ပေါ်တင်ပြီး ရောင်းချခဲ့တဲ့ Hacker ထောင် ၁၈ လ ကျသွားခဲ့ပါတယ်။ အသက် ၂၃ အရွယ် Adrian Kwiatkowski ဆိုတဲ့ အဆိုပါ Hacker ဟာ Rapper Lil Uzi Vert နဲ့ Ed Sheeran တို့ရဲ့ သီချင်းတွေကို Crypto နဲ့လဲဖို့ ကြိုးစားခဲ့ပါတယ်။

အဆိုပါ Hacker ဟာ ဒီအမှုအပြင် Copyright အမှုတွေ၊ တရားမဝင် စက်ပစ္စည်းပိုင်ဆိုင်မှု စတဲ့ အမှုပေါင်း ၁၉ မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူ့အနေနဲ့ တရားမဝင်အမှုတွေကနေ ယူရို ၁ သိန်းကျော် ရရှိခဲ့ပြီး အပြစ်ရှိကြောင်း ထင်ရှားလို့ လန်ဒန်ရဲတပ်ဖွဲ့က ထောင်ဒဏ် ၁၈လ ကျစေခဲ့ပါတယ်။ တရားခံရဲ့ Apple MacBook ထဲမှာ တရားမဝင် သီချင်းတွေ ခိုးထားတာ မနည်းကြောင်းလည်း ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

Spirdark လို့ နာမည်ဝှက်ပါတဲ့ Hacker တစ်ယောက်ကြောင့် အကောင့်တွေခိုးခံရတယ်။ သီချင်းတွေပါသွားတယ်လို့ အဆိုတော်တွေရဲ့ Manager တွေက သတင်းပေးပို့တိုင်ကြားခဲ့တာကြောင့် လန်ဒန်ရဲတပ်ဖွဲ့က စုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် အခိုးခံရတဲ့ အကောင့်တွေကို ငွေညှစ်တဲ့ Email ဟာ Kwiatkowski ရဲ့ Crypto အကောင့်ရဲ့ Gmail နဲ့ ဆက်စပ်မှုရှိတယ်လို့ စုံစမ်းမိတဲ့နောက် အဖမ်းခံခဲ့ရပါတယ်။

ခုလိုသူများရဲ့ ဉာာဏခွန်အားကို ခိုးယူတယ်ဆိုတာ အရမ်းဆိုးဝါးပြီး ငွေကြေးဆုံးရှုံမှုလည်း ကြီးမားတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။ Hacker Kwiatkowski အနေနဲ့ အတော်လေး ပညာတော်ပေမယ့် သူ့ပညာကို မကောင်းတဲ့နေရာမှာ အသုံးချတာတော့ စိတ်မကောင်းဘူးလို့ ဒီအမှုရဲ့ စုံထောက် Alvin Bragg ကမှတ်ချက်ပေးထားပါတယ်။

Ref : BBC


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Plastic လျော့ချဖို့အတွက် Charger ထည့်မပေးတာမျိုးတွေက တစ်ကယ်ထိရောက်ရဲ့လား?

Next
Next

Chromes Web Store ပိတ်တော့မှာဖြစ်လို့ Fire Fox ပြောင်းသုံးသင့်လား?