Pixel 8 ကို Software Support ၇ နှစ်သာမက Hardware Parts တွေကိုပါ ၇ နှစ်ထိ ရောင်းချပေးသွားမယ့် Google

ခုနှစ်ပိုင်းတွေမှာ နာမည်ကြီး Tech YouTuber တွေအပြောများလာတဲ့ Modular Design ဆိုတာ ဖုန်းမှာတစ်ခုခုဖြစ်သွားရင် ဆိုင်သွားစရာမလိုပဲ Tech နဲ့ရင်းနှီးတဲ့သူဆိုရင် အိမ်တင် ဖြုတ်တပ်လုပ်ပြီး ပြင်လို့ရမယ့် ဖုန်းတွေကိုတစ်စိတ်တစ်ပိုင်းဆိုလိုပါတယ်။ အဲ့တော့ တစ်ချို့ဖုန်းတွေလို Battery ထိတာနဲ့ Screen ပါလဲရတာတို့ ဘာလို့မဟုတ်ပဲ တစ်ကယ် တစ်ကယ့်ကို Module လိုက်ဖြုတ်လဲလို့ရတဲ့ ဖုန်းတွေကိုဆိုလိုတာပါ။

JRE ရဲ့ Video ထဲမှာတော့ Pixel 8 ဟာ Screen ကိုဖြုတ်တပ်ပြီး လဲဖို့အလွယ်ဆုံးလို့ဆိုထားပါတယ်။ အဲ့လို Modular ဖုန်းတွေ ခေတ်စားလာတာမို့ ဖုန်းကုမ္ပဏီတွေလည်း သူတို့ရဲ့ဖုန်း Spare Part တွေကို တတ်နိုင်သလောက် Support ပေးလာဖို့လိုလာပါတယ်။

Google ကတော့ Pixel 8 ကို Software Support ၇ နှစ်ပေးမယ့်အပြင် Hardware Spare Part တွေကိုလည်း ၇ နှစ်ထိ Support ပေးသွားဖို့ရှိတယ်ဆိုပြီး ကြေငြာထားပါတယ်။

အဲ့တော့ ဖုန်းတစ်လုံးကို မပျက်မချင်း နှစ်ရှည်နဲ့ချီပြီး ကိုင်လေ့ရှိသူတွေအနေနဲ့ Pixel 8 ဟာ ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ညဖက်မှာ ပါဝါပိတ်သွားတဲ့ ပြဿနာတက်နေတဲ့ iPhone များ

Next
Next

Emoji Reaction အပြန်အလှန်ပေးလို့ရမယ့် Gmail