Emoji Reaction အပြန်အလှန်ပေးလို့ရမယ့် Gmail

ဒီကိစ္စက အလုပ် Email တွေနေ့စဥ်ပို့နေရသူတွေအတွက် မန်နေဂျာကို မကျေနပ်လို့ Angry ပေးချင်တယ်တို့၊ HR Email ကို Sad Reaction ပေးချင်တာတို့ဆို ကွက်တိကျမယ့် Feature အသစ်ပါ။

လောလောဆယ်မှာတော့ ဒီ Features ကို Android ဖုန်းတွေနဲ့ Tablet တစ်ချို့မှာစပြီးရနေပြီလို့ သိရပါတယ်။ ဒါပေမယ့် ဒီ Features ကို Student Email တွေနဲ့ Workspace သုံးနေရင်တော့ မရဘူးလို့ဆိုပါတယ်။

ဒီ Feature ကို ကောင်းကောင်းမွန်မွန်သုံးချင်ပြီး Special Pop up Animation တွေလိုချင်ရင်တော့ Original Gmail App ကိုသုံးဖို့တော့လိုပါတယ်တဲ့ခင်ဗျာ...

ဆိုတော့ Gmail မှာပါ Reaction ပေးချင်တယ်ဆိုတဲ့ Android User တွေစမ်းကြည့်ကြပါဦး

#AkhyarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Pixel 8 ကို Software Support ၇ နှစ်သာမက Hardware Parts တွေကိုပါ ၇ နှစ်ထိ ရောင်းချပေးသွားမယ့် Google

Next
Next

Pixel 8 နဲ့ Pixel 8 Pro