ညဖက်မှာ ပါဝါပိတ်သွားတဲ့ ပြဿနာတက်နေတဲ့ iPhone များ

iPhone 15 Models တွေနဲ့ တစ်ခြား ios 17 တင်ထားတဲ့ iPhone တွေမှာ ညဖက်ရောက်တဲ့အခါ ဖုန်းကပါဝါ Shut Down ကျသွားပြီး ပြန်ပွင့်လာတဲ့ ပြဿနာကြုံနေရပါတယ်။ ဒီပြဿနာကြုံရတဲ့ Reddit အသုံးပြုသူတစ်ယောက်က စတင်ပြီးမျှဝေလိုက်တဲ့အခါ တစ်ခြားကြုံနေရသူတွေကလည်း အလားတူဖြစ်နေတယ်လို့ ဝင်ရောက်မျှဝေကြပါတယ်။

Reddit က Comment ကပြောကြားချက်အရ Alarm မမြည်သွားလို့ စစ်ကြည့်လိုက်တဲ့အခါ ဖုန်းပါဝါပိတ်နေတာကို ကြုံရတာမျိုး၊ iPhone Battery Setting ကိုစစ်ကြည့်လိုက်တဲ့အခါ နာရီအချို့ ပါဝါပိတ်နေပြီး Alarm မမြည်ခင် ၁ မိနစ်အလိုမှ ပါဝါပြန်ပွင့်လာတာမျိုး ကြုံရတာမျိုးတွေရှိတယ်လို့ မျှဝေထားပါတယ်။

တစ်ချို့ iPhone 15 Pro Maxနဲ့ iPhone 13 Mini ကို iOS 17.0.3 အသုံးပြုသူနေတွေဆိုရင် ညလယ်ကြီးမှာ Reboot ဆက်တိုက်ကျနေတာမျိုးလည်းဖြစ်တယ်လို့ သိရပါတယ်။

Apple ဖက်ကကတော့ ဒီပြဿနာနဲ့ပတ်သက်လို့ ဘာမှထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Ref : MacRumors

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အန္တရာယ်များလာတဲ့ Deepfake Porn များ

Next
Next

Pixel 8 ကို Software Support ၇ နှစ်သာမက Hardware Parts တွေကိုပါ ၇ နှစ်ထိ ရောင်းချပေးသွားမယ့် Google