လူ ၁သောင်းလောက် အလုပ်ထပ်ဖြုတ်ဦးမယ့် Amazon

ခုရက်ပိုင်း Tesla, Twiiter, Facebook, Apple, Amazon တို့လိုနာမည်ကြီး Tech Giant ကြီးတွေဟာ အလုပ်သမားတွေလျော့ဖို့ လတိုင်း အလုပ်ဖြုတ်တဲ့ကိစ္စတွေလုပ်နေကြရပါတယ်။ ကိုဗစ်နောက်ပိုင်း စီးပွားရေးပျက်ကပ်ကြောင့် နာလန်ထူဖို့အားယူနေတုန်း ပြဿနာနောက်ဆက်တွဲရိုက်ခတ်မှုတွေပဲဖြစ်ပါတယ်။

Amazon ဆိုရင် တစ််ကမ္ဘာလုံးနဲ့ချီပြီး ပစ္စည်းပို့ဆောင်နေတဲ့ ကုမ္ပဏီကြီးဖြစ်တဲ့အပြင် Cloud Service တွေလည်းပေးနေတဲ့ ကုမ္ပဏီကြီးတစ်ခုပါ။ ဒါပေမယ့် ကုန််ကျစားရိတ်တွေကာမိဖို့အတွက် လူ ၁သောင်းလောက် လျော့ဖို့ ကြိုစားနေတယ်လို့ ထုတ်ပြန််ထားပါတယ်။ Advertising နဲ့ Cloud Computing ပိုင်းကလူတွေအများစုကို ဖြုတ်မှာဖြစ်ပြီး ဘယ်နိုင်ငံလဲဆိုတာတော့ သေချာမသိသေးဘူးလို့ဆိုပါတယ်။ Amazon အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကလည်း လူ ၂ သောင်းလောက်ဖြုတ်ထားပါသေးတယ်။

ကိုဗစ်နဲ့ လူတွေအိမ်ထဲမှာ ပိတ်မိတုန်းက အမေဇွန််ဟာ အတော်လေးစီးပွားရေးကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်အလွန်စီးပွားပျက်ကပ်မှာတော့ လူတွေအနေနဲ့ ပိုအရေးကြီးတဲ့နေရာတွေမှာ ပိုက်ဆံသုံးလာရတဲ့အတွက် Amazon အတွက် ကုန်ကျစားရိတ်မကာမိတာတွေဖြစ်လာတယ်လို့ Amazon တာဝန်ရှိသူတွေကဆိုပါတယ်။

ဒီကိစ္စတွေပြီးရင်် Twitch ဖက်မှာလည်း ဝန်ထမ်းလျော့မယ်လို့ Amazon ကလေသံပစ်ထားပါသေးတယ်။

Ref : BBC

#AkhayarTech


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဖုန်းတွေကြားမှာ Data ပြောင်းမယ်ဆိုရင်

Next
Next

အားနည်းချက်ဖြစ်နေတဲ့ Pixel Phone Screenshot