Pixel 8 နဲ့ Pixel 8 Pro
အကုန်လုံးက iPhone ကိုပဲ အသဲအသည်းမဲနေတုန်းမှာ Google ကလည်း Pixel 8 နဲ့ Pixel 8 Pro ကို မိတ်ဆက်လိုက်ပါတယ်။ Pixel က Software King ဆိုတဲ့အတိုင်း ဒီနှစ်မှာတော့ Trend ဖြစ်နေတဲ့ AI ကို အသားပေးပြီး ပြသွားတာဖြစ်ပါတယ်။
Pixel 8 Series မှာ အဓိက Change ဖြစ်သွားတာ Google Tensor G3နဲ့ ကျန်တာကတော့ Display ကတော့ Pixel 8 Pro မှာ Peak 2400 nits ဖြစ်သွားတာပါ။ Pixel 7 မှာတုန်းက Heat တက်တဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းထားပြီးသလို Google အနေနဲ့ Software Update Suppport ၇ နှစ်ထိပေးသွားမယ့် ကိစ္စပဲဖြစ်ပါတယ်။
Hardware ပိုင်းမှာတော့ Camera Module မှာ Temperature Sensor ပါလာပြီး လူအပူချိန်တိုင်းတာကတော့ FDA approve ရဖို့စောင့်နေတုန်းပါ။
ကျန်တာတွေကတော့ ဖုန်းတစ်ခုလုံးမှာ AI ကို Integrate လုပ်ထားပြီး Google Bard ကို ဖုန်းထဲမှာ Native ပုံစံသုံးလို့ရအောင် လုပ်ပေးထားသလိုပါပဲ။ Camera, Video Editing, Voice Recording ပိုင်းနဲ့ Day to day usage တွေမှာ Tensor G3 ရဲ့ Computing Power နဲ့ AI ကိုထည့်ပေးထားတယ်လို့ အသေးစိတ်ကြေငြာပေးသွားပါတယ်။
ဈေးကတော့ iPhone 15 Pro Max ထက် $200 ပိုသက်သာပါမယ်တဲ့။
#AkhayarTech