iPhone 15 ရဲ့ Battery Cycle Count

အရင်တုန်းက Cycle Count ဆိုတာ MacBook တွေမှာပဲ ပါတတ်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ MacBook တစ်ခုကို Second ရောင်းဝယ်တော့မယ်ဆိုရင် Cycle Count ကိုကြည့်ပြီး Cycle Count များရင် ဈေးကျပြီး၊ Cycle နည်းရင် ဈေးများများ ရလေ့ရှိပါတယ်။

ခုလည်း iPhone 15 မှာ Cycle Count ထည့်ပေးလိုက်ပြီဆိုတော့ ကျကျသွားတဲ့ Battery Health ထိုင်ကြည့်ပြီး စိတ်ညစ်နေတဲ့ Fan တွေကို Apple က တိုးတိုးလာတဲ့ Cycel Count ကိုပါထပ်ပေါင်းကြည့်နိုင်ဖို့ ထည့်ပေးလိုက်ပါပြီ။

Cycle Count ကိုဘယ်လိုတွက်လဲဆိုတော့ ဖုန်းအားသုံးရင်း ကိုယ်သုံးတဲ့ ပမာဏက ၁၀၀ % နဲ့ညီသွားတဲ့အခါ 1 Charge Cycle လို့သတ်မှတ်ပါတယ်။ ဥပမာ အားအပြည့်သွင်းထားတဲ့ ဖုန်းကို ဒီနေ့မှာ 60% ပဲသုံးပြီးညကျ အားအပြည့်ပြန်သွင်းထားလိုက်တယ်။ နောက်နေ့ အားအပြည့်နဲ့ ပြန်သုံးနေရင်း 40% ကုန်အောင်သုံးလိုက်မိတဲ့အခါ Charge Cycle 1 ခုလို့ သတ်မှတ်မှာပါ။ Charge Cycle တွေများလာတဲ့အခါ 1 Cycle Count လို့ယူဆမှာဖြစ်ပါတယ်။

Apple iPhone 15 တွေမှာတော့ အောက်ပုံထဲကအတိုင်း ထုတ်လုပ်ရက်၊ ပထမဆုံးသုံးတဲ့ရက်၊ Cycle Count တို့ကို Setting >> General >> About >> Battery မှာ မြင်ရမှာဖြစ်ပါတယ်။

#AkhayarTech


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Pixel 8 နဲ့ Pixel 8 Pro

Next
Next

Google Service တိုင်းမှာ Co-pilot အနေနဲ့ပါလာပြီဖြစ်တဲ့ Bard