Free Built-in VPN ပါဝင်မယ့် Microsoft Edge

Microsoft အနေနဲ့ Free VPN ကို Edge Browser မှာ Buit-in ထည့်ပေးတော့မယ်လို့ ဆိုပါတယ်။ ဒီလိုထည့်ပေးတာဟာ လုံခြုံရေးနဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုအတွေက် အသားပေးနိုင်ဖို့ဖြစ်တယ်လို့ Microsoft Edge Support Page မှာ ရေးသားထားပါတယ်။

Edge Secure Network လို့ခေါ်တဲ့ VPN ဟာ Cloudflare က VPN service ကိုအခြေခံထားပါတယ်။ ဒီ Update ကို Security Patch တစ်ခုအနေနဲ့ ထုတ်ပေးမယ်လို့ သိရပါတယ်။ ဒီVPN ကိုဖွင့်ထားရင် User ရဲ့ Web Traffic ကို ISP တွေဆီကို ပို့မပေးတော့ပဲ Browsing Information တွေကို Pirvate ထားပေးမှာပါ။

ဒါ့အပြင် VPN ကြောင့် အသုံးပြုသူရဲ့ Location တွေကို ဖွက်ထားပေးဦးမှာပါ။ ဒါကိုကြည့်ချင်းအားဖြင့် Locaiton အလိုက် Content တွေကိုလည်း ကြည့်လို့ရနိုင်ဦးမှာပါ။ DNS ပြောင်းရုံမဟုတ်ပဲ အလုံးစုံ ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။

Cloudflare အနေနဲ့ Diagnostic Information တွေကို စုစည်းပြီး ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်အောင်ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒါ့ပေမယ့် ဒီ အချက်အလက်တွေကို 25 နာရီကြာတိုင်းဖျက်ပစ်မယ်လို့ ဆိုပါတယ်။ ဒီ VPN ကို Development လုပ်နေတုန်းဆိုပေမယ့် မကြာခင်ထုတ်လာတော့မယ်လို့ ဆိုပါတယ်။

VPN service ကိုသုံးချင်ရင် Microsoft Edge ကို Download ထားဖို့လိုပြီး Microsoft အကောင့်လည်း ဖွင့်ထားဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ Noti bar ကနေ VPN ကိုဖွင့်ပြီး In Browser သုံးရုံပါပဲ။ Edge အနေနဲ့ Comeback လုပ်ဖို့ ဘယ်လိုမျိုးတွေ ကြံစည်နေမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Anchor Co-founder နဲ့ Spotify Podcast Tech Chief ဖြစ်သူ Spotify ကနှုတ်ထွက်

Next
Next

Pill & Hole Design iPhone 14 Display တွေထွက်ပေါ်လာ