Oudated ဖြစ်တဲ့ App တော်တော်များများကို ဖျက်ပစ်နေတဲ့ Apple App Store

Apple အနေနဲ့ update မပေးတာကြာပြီဖြစ်တဲ့ App တွေကို ဖျက်ပစ်နေပါတယ်။ ဖျက်ခံရတဲ့ App တစ်ခုကို ပိုင်ဆိုင်တဲ့ Developer တစ်ယောက်ရဲ့ Emial Screenshot အရ "App Improvement Notice" ဆိုတဲ့ ခေါင်းစဥ်နဲ့ လာတယ်လို့ဆိုပါတယ်။ Apple အနေနဲ့ အတော်လေးအချိန်ကြာတဲ့အထိ Update မပေးတဲ့ App တွေကို ဖျက်ပစ််မှာဖြစ်ပြီး Update လုပ်ဖို့ အချိန် ရက် ၃၀ ပေးတယ်လို့ သတိပေးတယ်လို့ ဆိုပါတယ်။

"တစ်ကယ်လို့ မင်းရဲ့ App ကို အသုံးပြုသူတွေ ဆက်သုံးစေချင်သေးတယ်ဆိုရင် ရက် ၃၀ အတွင်း Update လုပ်ပါ" လို့ Email ထဲမှာ ရေးသားထားတယ်လို့ ဆိုပါတယ်။ မဟုတ်ရင် App ကို App Store ကနေဖျက်ပစ်မှာပါ။ ဒါပေမယ့် အသုံးပြုသူတွေရဲ့ ဖုန်းထဲက App တွေကတော့ App Store ကနေ ဖျက်ခံရလည်း ကျန်နေခဲ့မယ်လို့ ဆိုပါတယ်။

Indie Game Dev တစ်ချို့ကတော့ ဒီကိစ္စကို မကျေနပ်ကြဘူးလို့ စာတွေရေးသားနေပါတယ်။ တစ်ချို့ နှစ်ချို့Indie Game တွေဟာ နှစ်တွေကြာလည်း ဝယ်ယူဆော့ကစားမှုတွေ ရှိနေသေးလို့ ခုလိုမဖြစ်သင့်ဘူးလို့ မှတ်ချက်တွေပေးထားကြပါတယ်။ ဒါပေမယ့် တစ်ချို့ နာမည်ကြီး လူသုံးများတဲ့ App တစ်ချို့ကတော့ 2015 ကတည်း က Update မပေးသေးခဲ့ပေမယ့် မဖျက်ပဲ ခုထိရှိနေကြောင်း ထောက်ပြခဲ့ပါတယ်။ ပိုဆိုးတာက တစ်ချို့ Game Developers တွေအနေနဲ့ Game ကို Update လုပ်ခွင့်တောင် မရပဲ ဖျက်ချခံရတာတွေပဲဖြစ်ပါတယ်။Apple အနေနဲ့ update မပေးတာကြာပြီဖြစ်တဲ့ App တွေကို ဖျက်ပစ်နေပါတယ်။ ဖျက်ခံရတဲ့ App တစ်ခုကို ပိုင်ဆိုင်တဲ့ Developer တစ်ယောက်ရဲ့ Emial Screenshot အရ "App Improvement Notice" ဆိုတဲ့ ခေါင်းစဥ်နဲ့ လာတယ်လို့ဆိုပါတယ်။ Apple အနေနဲ့ အတော်လေးအချိန်ကြာတဲ့အထိ Update မပေးတဲ့ App တွေကို ဖျက်ပစ််မှာဖြစ်ပြီး Update လုပ်ဖို့ အချိန် ရက် ၃၀ ပေးတယ်လို့ သတိပေးတယ်လို့ ဆိုပါတယ်။

Apple App Store ရဲ့ စာမျက်နှာတစ်ခုမှာတော့ "Apple အနေနဲ့ တစ််ချို့ App တွေကို စိစစ်နေပြီး၊ ယခုလောလောဆယ် guideline နဲ့မညီတဲ့ App တွေ၊ Outdate ဖြစ်တဲ့ App တွေကို ဖျက်ချမယ်ဆိုတဲ့အကြာင်း ရေးထားပါတယ်။ ကြာချိန်တွေကိုတော့ သေချာရေးထားခြင်းမရှိသလို ဆက်သွယ်မေးမြန်းချက်ကိုလည်း မဖြေကြားသေးဘူးလို့ The Verge ကဆိုပါတယ်။

ဒီလအစောပိုင်းတုန်းကလည်း Google Play Store က ခုလိုမျိုးစဥ်တူ ကြေငြာမှုတစ်ခုပြုလုပ်ခဲ့ပြီး အချိန်ခြောက်လအတွင်း Update မလုပ်တဲ့ app တွေကို ဖျက်ချသွားမယ်လို့ ကြေငြာထားခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် Indie Game Developers တွေ အတော်ထိခိုက်နိုင်ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

$44 Billions နဲ့ Twitter ကိုဝယ်ယူလိုက်ပြီဖြစ်တဲ့ Elon Musk

Next
Next

Apple Music နဲ့ iOS App Store မှာ Errors တစ်ချို့ဖြစ်နေ