$44 Billions နဲ့ Twitter ကိုဝယ်ယူလိုက်ပြီဖြစ်တဲ့ Elon Musk

စွန့်ဦးတီထွင် ဘီလီယံနာ ဘဲကြီး Elon Musk နဲ့ Twitter တို့ရဲ့ အားပြိုင်မှုကြားမှာ Share တွေဝယ်လိုက်၊ Board Of Director ဖြစ်ဖို့ ကမ်းလှမ်းလိုက်နဲ့ အားပြိုင်ကြပြီးနောက်ဆုံးမှာတော့ Elon အနေနဲ့ Twitter ကို $ 44ဝယ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။ ​တွက်ကြည့်မယ်ဆို ရှယ်ယာတစ်ခုကို $54.20 နဲ့ဝယ်ခဲ့တာပါ။

လွပ်လတ်စွာပြောရေးဆိုခွင့်ရှိတယ်ဆိုတာ ဒီမိုကရေစီစနစ်တစ်ခုရဲ့ အခြေခံအုတ်မြစ်ပါ။ Twitter ကိုလွတ်လပ်စွာ ပြောရေးဆိုခွင့်အတွက် နေရာတစ်ခုဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ Elon အနေနဲ့ Twitter ကို Feature အသစ်တွေ၊ Source Code တွေကို Open Source ဖြစ်အောင်လုပ်တာနဲဲ့ Spam Bot တွေကို ဖျက်ပစ်တာတွေ လုပ်မယ်လို့ ဆိုပါတယ်။

Twitter CEO Parag Agrawal ကတော့ ရောင်းချမှုသဘောတူညီမှုအတွက် ဝမ်းသာကြောင်း၊ ခုလို ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ််ခဲ့ရတာ ပျော်ရွှင် ဂုဏ်ယူရကြောင်းကိုလည်း ပြောထားပါတယ်။ Elon ဟာ Twitter ကို ဝယ်ယူဖို့ ကိုယ်ပိုင်ငွေ $21 Billions အပြင် Tesla Share တွေကိုဘဏ်မှာပြပြီး ချေးငွေတွေယူထားပါတယ်။​

Twitter ကို ပိုင်ရှင်ပြောင်းလိုက်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ အလုပ်အကိုင်မတည်ငြိမ်ဖြစ်မှာတွေနဲ့ စိုးရိမ်စိတ်တွေဖြစ်ပေါ်နေပေမယ့် Elon Musk အနေနဲ့ Twitter ကိုဘယ်လိုမျိုးပိုကောင်းတဲ့ နေရာတစ်ခုအဖြစ် ပြုလုပ်မလဲဆိုတာစောင့်ကြည့်ရပါမယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

2K Display နဲ့ 120 Hz ပါလာမယ့် Xiaomi Mix Fold 2

Next
Next

Oudated ဖြစ်တဲ့ App တော်တော်များများကို ဖျက်ပစ်နေတဲ့ Apple App Store