Xbox ရဲ့ Free To Play ဂိမ်းတွေမှာ Ads ထည့်ဖို့ကြံနေတဲ့ Microsoft

Microsoft အနေနဲ့ Brand Showcase တွေနဲ့ ကြော်ငြာတွေကို Free-to-play XBox ဂိမ်းတွေထဲမှာ ထည့်ဖို့ကြံနေတယ်လို့ သတင်းတွေကြားရပါတယ်။ ဒီသတင်းကို Insider မှာစတင်တွေ့ရတာဖြစ်ပါတယ်။ သတင်းရင်းမြစ်တွေအရ Ads တွေက Gameplay ကိုတော့ ထိခိုက်စေမှာမဟုတ်ဘူးလို့ သိရပါတယ်။ ကားမောင်းဂိမ်းဆိုရင် BillBoard လိုမျိုး Content တွေမှာသာ နေရာယူမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်လိုမျိုး Ads တွေနဲ့၊ ဘယ်လိုနည်းတွေကို သုံးပြီး Ads တွေထည့်မယ်ဆိုတာ သေချာမပြောရသေးပေမယ့် Microsoft အနေနဲ့ Ads တွေထည့်ဖို့ကြံနေတာတော့ သေချာပါတယ်။ Avater တွေ၊ NPC တွေအပြင် Game Lobbies တွေမှာပါထည့်တာမျိုးတွေ လုပ်လာမလားလို့ စဥ်းစားနိုင်ပါတယ်။ Microsoft အနေနဲ့ ဂိမ်းကစားတာကို ထိခိုက်အောင်ထိတော့ ကြော်ငြာတွေ မထည့်ဘူးလို့ ထင်ရပါတယ်။ ဒါ့အပြင် Private marketplace လိုမျိုးနေရာတွေထည့်ပြီး ကြော်ငြာပြလာမလားဆိုတာလည်း စဥ်းစားစရာဖြစ်ပါတယ်။

Microsoft အနေနဲ့ Ads တွေကနေ အမြတ်ယူဖို့အစီအစဥ်မရှိပဲ Ads ကရလာတဲ့ငွေကို Game Developer နဲ့ Ads ကုမ္ပဏီတို့ကို ခွဲဝေယူစေဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ ဒီနည်းအားဖြင့် Microsoft ကို Developer တွေမျက်စိကျလာအောင် ဆွဲဆောင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီ Ads တွေကနေတစ််ဆင့် Devs တွေအနေနဲ့ အပိုဝင်တွေလည်း ရရှိလာနိုင်မှာမို့ XBox ဂိမ်းတွေပိုကောင်းလာမယ်လို့ လည်းမျှော်လင့်ရပါတယ်။

Ads တွေအတွက်လည်း Bing နဲ့ တစ်ခြား အရင်းအမြစ်ကရတဲ့ Data တွေကိုမသုံးပဲ သီးခြားနည်းပညာတစ်ခုကိုလည်း ချပြသွားမယ်လို့ဆိုပါတယ်။ ခန့်မှန်းရသလောက် Game ကစားတာကနေ ရရှိလာတဲ့ အချက်အလက်တွေကို အသုံးပြုပြီး Ads ပြတာမျိုးတွေ လုပ်မယ်လို့ မျှော်လင့်ရပါတယ်။

"ကျွန်တော်တို့အနေနဲ့ Developers, Gamers, နဲ့ Game ထုတ်လုပ်သူတွေကြားမှာ ပိုကောင်းတဲ့ အတွေ့အကြုံနဲ့ ဆက်ဆံရေးတွေ ရှိအောင် အမြဲကြိုးစားနေပါတယ်" လို့ Microsoft ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Insider ကိုပြောခဲ့ပါသေးတယ်။

ခုလို In-game ကြော်ငြာတွေထည့်တာဟာ ဒီအကြိမ်ဟာ ပထမဆုံးတော့မဟုတ်ပါဘူး။ EAနဲ့ Microsoft နဲ့ပေါင်းပြီး Ads တွေထည့်ခဲ့ဖူးပါတယ်။​ Microsoft အနေနဲ့ တစ်ဖြည်းဖြည်း ဈေးကြီးလာတဲ့ ဂိမ်းတွေကို ကျော်ဖြတ်ပြီး Paid Game တွေကို ဘယ်လိုPromote လုပ်မလဲ ဆိုတာစောင့်ကြည့်ရပါတယ်။ တစ်ကယ်လို့ ဝယ်ဆော့တဲ့ Gamer တွေလည်း Ads တွေတက်နေရင် Gamer တွေက မကျေမနပ်ဖြစ်လာမယ့် ပြဿနာတွေလည်း ရှိနေပါသေးတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များ ပါရှိသည့် Samsung ၏ နောက်ဆုံးပေါ် စမတ်ဖုန်းသစ် Galaxy M33 အားမြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်

Next
Next

စျေးသက်သက်သာသာ နဲ့ Performance ပိုင်းအကြိုက်‌‌တွေ့စေမယ့် OPPO A76