Oppo Reno8, Reno8 Pro တို့ကို July 18 မှာ အိန္ဒိယမှာ မိတ်ဆက်သွားမည််

Oppo အနေနဲ့ Reno8 စီးရီးကို တရုတ်နိုင်ငံအတွင်း မေလမှာမိတ်ဆက်ခဲ့ပေးမယ့် အိန္ဒိယမှာတော့ ဂျူလိုင်လ ၁၈ ရက်နေ့မှာ စတင်မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီသတင်းတွေက နောက်ဆုံးတော့ အမှန်ဖြစ်လာပါတယ်။ ဂျူလိုင် ၁၈ ရက်နေမှာ Oppo Reno8 စီးရီးကို အိန္ဒိယမှာ မိတ်ဆက်မယ်လို့ တရားဝင်ကြေငြာထားပါတယ်။ ဒါပေမယ့် ကိုဗစ်ရောဂါအခြေအနေကြောင့် On Ground လုပ်မလားဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။

Reno 8 Series မှာ Vanilla, Pro, Pro+ ဆိုပြီး တရုတ်မှာ ထွက်ရှိမှာဖြစ်ပါတယ်။ Europe မှာတော့ Lite ဆိုပြီး သပ်သပ်ပါဝင်ဦးမှာပါ။ ဒါပေမယ့် Oppo အနေနဲ့ Reno8 နဲ့ Reno 8Pro တို့ကိုပဲ အိန္ဒိယမှာမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Reno8 Pro ကတော့ China မှာ Reno 8Pro + အဖြစ်နဲ့ ထွက်ရှိထားပါတယ်။

တစ်ကယ်လို့ သတင်းတွေသာ အမှန်ဆိုရင် Reno 8 Pro ဟာ Dimensity 8100-Max SoC, 6.7" FullHD+ 120Hz AMOLED Screen ပါဝင်လာမှာဖြစ်ပြီး၊ 50MP Camera ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Selfie Camera အနေနဲ့ကတော့ 32MP ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် 4500mAh Battery ကိုအားသွင်းဖို့အတွက် 80W charging လည်းပါဝင်ဦးမှာပါ။

Reno 8 ကိုတော့ တရုတ်နဲ့သာ အတူတူဆိုရင် Dimentisy 1300, 6.43" FullHD+ 90Hz AMOLED display, 4,500 mAh battery နဲ့ 80W charging ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera ကတော့ 32MP ဖြစ်ပါတယ်။ အနောက်ဖက်က 50MP Camera ကိုတော့ Macro Camera 2MP နဲ့ထပ်မံအားဖြည့်သွားမှာပါ။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

သိထားသင့်တဲ့ Email Service များ

Next
Next

Instagram မှာတင်သမျှ Video တွေ အကုန် Reels အဖြစ်ပြောင်းလဲစမ်းသပ်