Instagram မှာတင်သမျှ Video တွေ အကုန် Reels အဖြစ်ပြောင်းလဲစမ်းသပ်

Instagram အနေနဲ့ Short Video Content လောက လက်ဝါးကြီးအုပ်ထားတဲ့ TikTok ကိုအပြိုင်ဖိုက်ဖို့အတွက် Reel ကိုအသည်းအသန် ပြုလုပ်နေပါတယ်။ ဒါကြောင့်မို့ Instagram မှာတင်သမျှ Video တွေကို Reel အဖြစ်ပြောင်းပြီး Short Video တွေအဖြစ် ပြောင်းလဲပစ်နေတာဖြစ်ပါတယ်။ Twitter မှာ Social Media Geek Matt Navarra တင်ထားတဲ့ Screenshot အရ Instagram အနေနဲ့ အသုံးပြုသူတွေ တင်သမျှ Video တွေကို Reel အဖြစ် ပြောင်းလဲပစ်နေတယ်လို့ ဆိုပါတယ်။ Reel အဖြစ်ပြောင်းလိုက်တဲ့ Video ဟာ Reach လည်းပိုရောက်သလို Facebook မှာလည်း ထူးမခြားနားဖြစ်ပါတယ်။


TechChurch ကိုပို့တဲ့ Email တစ်စောင်မှာဆိုရင် Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က "ကျွန်တော်တို့အနေနဲ့ Instagram နဲ့ Facebook မှာ Video တွေကြည့်ရင် ပိုကောင်းလာအောင် စမ်းသပ်နေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် Reels တွေအဖြစ်နဲ့တင်ရင် ပိုပြီး Engagement လည်း ပိုကောင်းတယ်လို့ ဆိုပါတယ်။ ပုံထဲက Screenshot ထဲမှာ " Videos တွေဟာ အလိုအလျောက် Reel အဖြစ် ပြောင်းသွားမယ်" လို့ဆိုထားသလို Reels အတွက် Videos အဖက်တွေ​၊ သီချင်းတွေလည်း ထည့်နိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ခြား Video တွေကို Reels အသစ်တွေအဖြစ် ပြောင်းသွားမယ်လို့ ဆိုပါတယ်။

ဒီအပြောင်းအလဲတွေကို စမ်းသပ်နေပြီး အပြီးပြောင်းတာလား၊ စမ်းသပ်ကာလအဖြစ်ထားသလားဆိုတာတော့ မသိရသေးပါဘူး။ ဒါ့အပြင် အရင်က Instagram Platform မှာတင်ထားတဲ့ Video တွေလည်း Reels အဖြစ် အလိုအလျောက်ပြောင်းသွားမလားဆိုတာ မသေချာသေးပါဘူး။ Reels အဖြစ် Videos တွေကို ၁၀ မိနစ်အကြာထိ တင်နိုင်မှာဖြစ်ပြီး Verified သမားတွေဆိုရင်တော့ မိနစ် ၆၀ ထိတင်နိုင်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်လောက်က Instagram အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Adam Mosseri က " Instagram ဟာဓာတ်ပုံတွေ မျှဝေတဲ့ Platform သပ်သပ်မဟုတ်တော့ဘူလို့ ပြောခဲ့ဖူးပါတယ်။ လောလောဆယ်မှာတော့ Instagramဟာ "Creators, Video, Shopping, Messaging' တွေကို ဦးစားပေးလုပ်ဆောင်နေပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Oppo Reno8, Reno8 Pro တို့ကို July 18 မှာ အိန္ဒိယမှာ မိတ်ဆက်သွားမည််

Next
Next

OPPO စမတ်ဖုန်းဝယ်ယူရင်း “သန်းဆုကံထူးရှင်” ဖြစ်နိုင်မည့် အထူးအစီအစဥ် စတင်မိတ်ဆက်