သိထားသင့်တဲ့ Email Service များ

Email လို့ဆိုလိုက်တာနဲ့ 2022 မှာမသိသူ အတော်လေးနည်းသွားပါပြီ။ Email နဲ့ Gmail ရောထွေးနေတတ်တဲ့ မြန်မာနိုင်ငံမှာတောင် လူတိုင်း Email ကိုကောင်းကောင်းမွန်မွန် သုံးတတ်လာပါပြီ။ ကျောင်း၊ အလုပ်၊ ရုံးပိုင်းဆိုင်ရာတွေမှာ Email ကိုကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနေပါတယ်။ ဒီထဲကမှ ဘယ်လို Email တွေကို ရွေးချယ်သုံးစွဲသင့်လဲဆိုတာ ဖော်ပြပေးပါမယ်။

1. Gmail
Gmail ကတော့ မြန်မာနိုင်ငံမှာ Email ဆိုတာနဲ့ Gmail ကိုပြေးမြင်တဲ့အထိ အောင်မြင်သလို၊ သူရဲ့ Google Play, Google Drive စတဲ့ Service တွေနဲ့ကင်းလို့မရတဲ့အတွက် မြန်မာနိုင်ငံမှာ အသုံးများဆုံးဖြစ်နေတာပါ။ ဒါ့အပြင် ကြိုက်သလောက် အကောင့်တွေ အခမဲ့ ဖွင့်ခွင့်ရတာဖြစ်ပါတယ်။

2. Yahoo
အရင်အင်တာနက်ဆိုင်ခေတ်မှာ Yahoo ဆိုတာ လူတိုင်းဖွင့်ကြပါတယ်။ Video Call ပြောဖို့၊ Security ကောင်းလို့ အစရှိတဲ့ အကြောင်းပြချက်တွေကြောင့် Yahoo ကိုလည်းအသုံးများကြပါတယ်။ အရင် VZO ခေတ်ကိုမှီရင် Yaho ကိုကောင်းကောင်း သိပါလိမ့်မယ်။

3. Outlook
Microsoft Service တွေသုံးချင်လို့၊ ရုံးအလုပ်တွေသုံးချင်လို့ အစရှိတဲ့ အကြောင်းပြချက်တွေကြောင့် Outlook ကိုလည်း အသုံးများကြပါတယ်။ နောက်ပိုင်း Outlook ကို Rebranding ပြန်လုပ်ထားတာမို့ အတော်လေးလည်း သုံးရတာ ပေါ့ပေါ့ပါးပါးရှိပါတယ်။

4. Proton Mail
ဒီကောင်ကတော့ လုံခြုံရေးကို လုံးဝအသားပေးပြီး အသုံးပြုကြတဲ့ Email ပဲဖြစ်ပါတယ်။ Double Encryption စနစ်တွေပါဝင်သလို လုံခြုံရေးအသားပေးဖြစ်ပါတယ်။ ဒါကြောင့်မို့ ရုံးလုပ်ငန်းတွေ၊ သတင်းသမားတွေနဲ့ အချက်အလက်ပေါက်ကြားမှုကို မလိုချင်တဲ့သူတွေ အများစုအသုံးပြုကြပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Local Tournament ကနေ Japan နိုင်ငံမှာကျင်းပမယ့် Asia Pacific Predator League 2022 Grand Final မှာဝင်ရောက် ယှဥ်ပြိုင်ပြီး Prize Pool USD 400,000 အထိရယူနိုင်မယ့် အခွင့်အရေး

Next
Next

Oppo Reno8, Reno8 Pro တို့ကို July 18 မှာ အိန္ဒိယမှာ မိတ်ဆက်သွားမည််