ခွေးလိမ်ရောင်းတဲ့ လူလိမ်ကို Google တရားစွဲ

ဒီလိမ်လည်မှုဟာ အသက်ကြီးပြီး တစ်ယောက်တည်းသမားတွေကို အဓိကပစ်မှတ်ထားပြီး လိမ်လည်ခဲ့တာပါ။ လိမ်လည်််သူဟာ Online မှာ Website တစ်ခုကို အတုလုပ်ပြီး ခွေးပေါက်လေးတွေ ရောင်းပေးမယ်လို့ လိမ်လည်ခဲ့တာဖြစ်ပါတယ်။

ဒေါ်လာထောင််ပေါင်းများစွာ လိမ်လည်မှုမှာ အဓိက ပစ်မှတ်လိမ်ခံရတာတော့ အသက်ကြီး အထီးကျန်တဲ့ ခွေးချစ်သူ လူကြီးတွေများတယ်လို့ ဆိုပါတယ်။ လူကြီးတွေအနေနဲ့ Website တွေကို သေချာကျွမ်းကျင်စွာ မသုံးတတ်ခြင်း၊ အယုံလွယ်ခြင်းတို့ကြောင့် အလိမ်ခံခဲ့ရတယ်လို့ဆိုပါတယ်။

Nche Noel ဆိုသူဟာ Website အတုတစ်ခုကို ဖန်တီးပြီး Google Voice Phone Number, Gmail တွေကို အတုဖန်တီးပြီး Basset Hound ခွေးပေါက်တွေ ရောင်းချခဲ့ပါတယ်။ လိမ်ခံရသူဟာ အစဦးပိုင်းမှာ ခွေးပေါက်တစ်ကောင်အတွက် Electric Gift Card တစ်ခုကို $700 ဖိုး ပေးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ပို့ဆောင်ခအတွက် နောက်ထပ် $1500 ထပ်မံတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ တိုင်တောသူတွေကတော့ ငွေလွှဲခဲ့ပေမယ့် ခွေးတွေကတော့ ရောက်မလာခဲ့ဘူးလို့ဆိုပါတယ်။

ခုလို အိမ်ထဲမှာပဲနေရတဲ့ ကာလမှာ အဖော်လိုအပ်တဲ့ လူတွေရဲ့အားနည်းချက်ကို အသုံးချပြီး လိမ်လည်သူဟာ Fake Webiste, Fake Customer Review နဲ့ ပုံတွေကိုသုံးပြီး လိမ်လည်ခဲ့ပုံရပါတယ်။ Google ဖက်ကပညာရှင််တစ်ယောက်က "ဝမ်းနည််းဖို့ကောင်းတာက ဒီလိမ်လည်မှုဟာ အဖော်လိုအပ်နေတဲ့ အသက်ကြီးပိုင်း တစ်ယောက်တည်းသမားတွေကို အဓိကထား လိမ်လည်ခဲ့တာပါ။ တော်တော်များများက အင်တာနက်နည်းပညာနဲ့ ပတ်သတ်ပြီးလည်း သေချာမသိတာလည်း ပါပါတယ်" လို့ပြောခဲ့ပါတယ်။

ခွေးကိစ္စလိမ်လည်မှုအပြင် Noel အနေနဲ့တစ်ခြား လိမ်လည်တဲ့ Website တွေကို Google Ads Campign လုပ်ခဲ့လို့လည်း Google ကတရားစွဲထားပါသေးတယ်။
ဒီလိမ်လည်မှုကို လူကြီးစောက်ရှောက်မှုနဲ့သက်ဆိုင်တဲ့ အဖွဲ့တစ်ခုက Google ကိုစာပို့တိုင်ကြားခဲ့တာဖြစ်ပြီး ခွေးပေါက်လေးတွေနဲ့ပတ်သတ်ပြီး လိမ်လည်မှုတွေရှိနေတယ်လို့ နိုဝင်ဘာကတည်းက တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ပစ်မှတ်ထားခံရသူတွေဟာ Covid-19 ကာလမှာ အဖော်မဲ့နေတဲ့သူတွေ များတယ်လို့ ဆိုပါတယ်။

ရောဂါကပ်ဆိုးဖြစ်ပြီး လူတွေ အင်တာနက်အသုံးများလာတဲ့ နောက်ပိုင်းမှာ အင်တာနက်ကနေ ငွေကြေးလိမ်လည်မှုတွေဟာလည်း အတော်လေးများလာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် April တုန်းက Company အတုပေါင်း ၃၅၀ ကျော်ကို လိမ်လည်မှု ၁၀၀ ကျော်နဲ့စပ်ဆပ်ပြီး ပိတ်ပစ်ဖို့ အမေရိကန််အစိုးရ ကုန်သွယ်မှုရုံးက ထုတ်ပြန်ခဲ့ပါတယ်။
Google တရားရေးရှေ့နေတွေကတော့ Noel အနေနဲ့ Google ရဲ့စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့ရုံသာမက တရားဥပဒေကိုလည်း မလိုက်နာတာမို့ ထိထိရောက်ရောက် တရားစွဲခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ Google အနေနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေကိုလည်း လိုက်လံစုံစမ်းနေတယ်လို့ ဆိုပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Apple 35W Dual USB-C Adapter ထွက်လာတော့မှာလား?

Next
Next

Oppo Find N ကို OnePlus ရဲ့ပထမဆုံး Foldable ဖုန်း အဖြစ်မြင်ရနိုင်မလား