OpenAi Api အသုံးပြု App တွေထွက်လာပါတော့မယ်

Official မထွက်ခင်ကတောင် App တွေမှိုလိုပေါက်နေတဲ့ OpenAi ရဲ့ Api ထွက်လာပါပြီ။ Official Release ဖြစ်တဲ့အပြင် ဈေးကလည်း အတော်လေးကို သက်သက်သာသာနဲ့ ထွက်လာလို့ နောက် ၁-၂ လအတွင်း AI base chat-bot တွေ၊ Text Game တွေ အများကြီးထွက်လာပါလိမ့်မယ်။ Ai based Browser တွေလည်း မှိုလိုပေါက်လာပါလိမ့်မယ်။

ကြေငြာချက်အရ 1,000 tokens ကို $0.002 လို့ဆိုပါတယ်။ Tokens ဆိုတာကို အကြမ်းဖျဥ်းပြောရရင် ChatGPT ကို input ပေးတဲ့ Text တွေကို စကားစုအဖြစ်ခွဲလိုက်ရင် ရလာမယ့် စကားလုံးစုတွေကိုဆိုပါတယ်။ ဥပမာ “Apple is Red” ဆိုရင် 3 Token လို့မှတ်ယူနိုင်ပါတယ်။

ဒါ့အပြင် Ai သုံးထားတဲ့ Speech to Text “Whisper” ကိုလည်း $0.006 per minute နဲ့ပေးသုံးဖို့ Api ကြေငြာထားပါတယ်။ ပါးစပ်ကပြောလိုက်သမျှကို စာအဖြစ် တိုက်ရိုက် ဘာသာပြန်ပေးမယ့် Model ပဲဖြစ်ပါတယ်။ အဲ့တော့ မိတ်ဆွေအနေနဲ့ English စကားကောင်းကောင်းပြောနိုင်ရင် စာတွေကို လက်ညောင်းခံပြီးရေးဖို့မလိုတော့ပါဘူး။ ဒါပေမယ့် သူ Support လုပ်တဲ့ ဘာသာစကားတော့ဖြစ်ရပါမယ်။

အဲ့တော့ Ai ခေတ် အနာဂါတ်ကို တစ်ဖြည်းဖြည်း စတင်ဝင်ရောက်လာပြီမို့ မိတ်ဆွေအနေနဲ့ နောက်ကျမကျန်ခဲ့ဖို့ မျက်လုံးဖွင့်ပြီး နားကိုစွန့်ပြီး Ai ခေတ်ထဲကို ဝင်ဖို့ အသင်ပြင်ထားပါလို့ အကြံပေးချင်ပါတယ်

Ref : The Verge

#AkhayarTech


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

AI Serach ပါဝင်လာတဲ့ Brave Browser

Next
Next

Android နဲ့ iOS ၂ မျိုးလုံးကို လာတော့မယ့် Google Magic Eraser