AI Serach ပါဝင်လာတဲ့ Brave Browser

Brave Browser လို့ပြောရင် Privacy နဲ့ပတ်သတ်လို့ရော၊ Ads တွေ Block ဖို့အတွက်ပါ သုံးတဲ့ Browser လို့လူသိများကြမှာပါ။ Chrome Based ဖြစ်တဲ့ သူရဲ့ Ads Rewards System ကြောင့်လည်း အရင်တုန်းက လူသိများပါသေးတယ်။ လူတိုင်းအတွက် Secondary Browser အဖြစ်သုံးကြသလို၊ ကိုယ်တိုင်လည်း သုံးခဲ့တာ အတော်လေး အချိန်ကြာနေပြီဖြစ်တဲ့ Browser တစ်ခုပါပဲ။

ခုလို နာမည်တစ်ခုရှိတဲ့ Brave အနေနဲ့လည်း ခုလို ခေတ်စားလာတဲ့ AI ကာလကြီးမှာ နောက်ကျမကျန်ခဲ့ရလေအောင် AI base Tools တစ်ခုဖြစ်တဲ့ “Summerizer” ဆိုတဲ့ Feature တစ်ခုကို တစ်ကမ္ဘာလုံးက Brave သုံးသူတွေကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Brave ရဲ့ Search Result တွေထိပ်မှာ section တစ်ခုခွဲပြီး ပြနေမယ့် Summerizer ဟာ OpenAI လို Generative AI မဟုတ်ပဲ Web ပေါ်က တိကျခိုင်မာတဲ့ သတင်းတွေကိုပဲ ရွေးချယ်ဖော်ပြပေးမယ့် AI ပုံစံမျိုးပါ။

Google မှာလည်း အလားတူလုပ်ဆောင်ချက်ရှိတဲ့ Summerizer ကိုထုတ်ပေးထားပေမယ့် Brave လိုမျိုး Website ရင်းမြစ်ပေါင်းစုံကနေရယူပြီး Result ပြတာမဟုတ်ပဲ ကြိုတင်သတ်မှတ်ထားတဲ့ Source ကနေသာ ပြသတဲ့စနစ်မို့ အသုံးနည်းခဲ့ကြပါတယ်။

Brave Summerizer မှာပြတဲ့ သတင်းအချက်အလက်တွေဟာ သူတို့ ယူလာပြတဲ့ မူရင်းသတင်းရင်းမြစ်တွေအတိုင်း တိကျခိုင်မာပြီး စိတ်ချရတယ်လို့ ကုမ္ပဏီကဆိုပါတယ်။ Brave Summerizerကို တစ်ကမ္ဘာလုံးက Mobile ရော၊ Desktop Users အကုန်လုံး တစ်ပြိုင်နက်အသုံးပြုခွင့်ရပြီဖြစ်ပါတယ်။

Ref : MacRumors

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လက်ပတ်ကြိုးတစ်ခုစီ ဖြုတ်တပ်လုပ်လို့ရတဲ့ ဒီဇိုင်းဖြစ်လာမယ့် Xiaomi Smart Band 8

Next
Next

OpenAi Api အသုံးပြု App တွေထွက်လာပါတော့မယ်