Android နဲ့ iOS ၂ မျိုးလုံးကို လာတော့မယ့် Google Magic Eraser

Google Pixel 6 နဲ့အတူမိတ်ဆက်ထားတဲ့ Google Magic Eraser ကို ကျန်တဲ့ Pixel Model တွေနဲ့ Android တွေ၊ iOS တွေအကုန်အသုံးပြုလို့ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Google One Service ကိုတော့ Subscribe လုပ်ထားမှရမှာပါ။

ဒါ့အပြင် Google Photo မှာ Video တွေကို HDR ပြောင်းပေးမယ့် Feature ကိုလည်း ထည့်သွင်းပေးသွားတော့မှာဖြစ်သလို Collage Style အသစ်တွေကိုလည်း Google Photos မှာထည့်သွင်းသွားဖို့ရှိတယ်လို့ဆိုပါတယ်။ စီးပွားရေးသောင်းကျန်တဲ့ Google ကသူတို့နဲ့ချိတ်ဆက်ထားတဲ့ Print ဆိုင်တွေကနေ Google Photo တွေကို Print ထုတ်ရင် Free Delivery နဲ့ အိမ်အရောက်ပို့စနစ်ကို US, Canada, Europe နဲ့ UK တို့မှာပေးသွားမယ်လို့ ကြေငြာထားပါသေးတယ်။

Google One Member ကို တစ်လ Free Trail နဲ့သုံးနိုင်ပြီး နောက်ပိုင်းမှာ တစ်လကို မြန်မာငွေ ၈၀၀၀ ခန့်နဲ့ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Google One မှာ VPN Service လိုတစ်ခြား ထပ်ဆောင်း ဝန်ဆောင်မှုတွေလည်း အများကြီးပါဝင်ပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ အရင်တုန်းက ISP တွေကနေတစ်ဆင့် ဖုန်း Bill နဲ့ဝယ်ယူလို့ရခဲ့ပေမယ့် ခုတော့ Card Payment များကိုသာလက်ခံပါတော့တယ်။

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

OpenAi Api အသုံးပြု App တွေထွက်လာပါတော့မယ်

Next
Next

Motorola Rizr Rollable Phone