Online ကနေ ယူရို၄သောင်း လိမ်လည်ခံလိုက်ရတဲ့ အမျိုးသမီး

Online Scam တွေပေါများလာတဲ့ခေတ်မှာ Crypto နဲ့ပတ်သက်ပြီး လိမ်လည်ခံရတဲ့သူတွေလည်း တစ်ဖြည်းဖြည်းများလာပါတယ်။ နည်းပညာကြောင့် အကျိုးကျေးဇူးတွေများလာသလို အွန်လိုင်းကနေ မျက်စိတစ်မှိတ်အတွင်း ငွေတွေအများအပြားလိမ်လည်ခံရတာတွေလည်း များလာပါတယ်။

Crypto နဲ့ပတ်သက်လို့ ချမ်းသာသွားသူတွေများလာတဲ့အခါ လူတိုင်းကမျက်စိကျလာပြီး ငွေအလွယ်ရဖို့ကြိုးစားလာကြပါတယ်။ ဒီလိုသေချာနားမလည်တဲ့နယ်ပယ်မှာ နည်းပညာမကျွမ်းကျင်သူတွေကို အသုံးချပြီး ချမ်းသာဖို့ကြိုးစားလာသူတွေလည်း ဒုနဲ့ဒေးများလာပါတယ်။

ဖြစ်စဥ်တစ်ခုမှာဆိုရင် UK က Lisa(အမည်လွှဲ)ဆိုတဲ့ အမျိုးသမီးတစ်ဦး လူတစ်ဦးက သူ့ဆီကိုနေ့တိုင်းနီးပါး ဖုန်းခေါ်ပြီး သူတို့ ၂ ယောက်ဟာ Business Partner တွေဖြစ်ကြောင်းနဲ့ သူနဲ့အတူရင်းနှီးမြှပ်နှံဖို့ ၂လကြာ ဖုန်းတွေခေါ်ခဲ့တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီနောက် သူမလည်း ယုံကြည်ပြီး ယူရို ၂၀၀ စတင်ရင်းနှီးကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်တော့ လူလိမ်က သူမရဲ့အချက်အလက်တွေကိုသုံးပြီး ချေးငွေတွေယူခဲ့ပြီး သူမရဲ့အကောင့်ထဲကို ယူရို ၅၀၀၀၀ ကျော်(မြန်မာငွေ သိန်း ၂၀၀၀ခန့်) Credit တွေဝင်လာခဲ့ပါတယ်။ လူလိမ်က ငွေတွေကိုလွှဲပေးဖို့ တောင်းဆိုတဲ့အခါမှသာ ဝင်ငွေအကြောင်း သေသေချာချာ မပြောနိုင်လို့ ပြဿနာတက်ရာကနေ အကြွေးတွေယူထားတဲ့အကြောင်းကို သိခဲ့တယ်လို့ဆိုပါတယ်။ သူမအနေနဲ့ ယခုမှာတော့ တစ်လကို ယူရို ၁၀၀၀ကျော် အကြွေးဆပ်နေရပြီး နောက်၅နှစ်ထိ အကြွေးဆပ်ရတော့မှာဖြစ်ပါတယ်။

ယခုမှာတော့ Lisa အနေနဲ့ သူစိမ်းတွေရဲ့ဖုန်းတွေကို မကိုင်ရဲလောက်အောင် ကြောက်သွားပြီး သူမရဲ့ Bank information တွေနဲ့ Password တွေအကုန်လုံးကိုလည်း ပြောင်းလိုက်ရပါတယ်။

မိတ်ဆွေတို့လည်း Online ပေါ်က ပိုက်ဆံအလွယ်ရမယ့် နည်းလမ်းတွေကို သတိထားပြီးယုံကြည်နိုင်ကြပါစေ။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone Battery တွေနဲ့ပတ်သက်လို့ ဒေါ်လာသန်း ၅၀၀ ဒဏ်ရိုက်ခံရတဲ့ Apple

Next
Next

၂ နှစ်ကျော် Inactive ဖြစ်နေတဲ့ Gmail တွေကို ဖျက်မယ့် Google