iPhone Battery တွေနဲ့ပတ်သက်လို့ ဒေါ်လာသန်း ၅၀၀ ဒဏ်ရိုက်ခံရတဲ့ Apple

iPhone Battery တွေ အကျမြန်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ Apple ကို Consumer တွေကတရားစွဲတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီကိစ္စတွေထဲကမှာ iPhone ထဲက Battery တွေသက်တမ်းကြာလာတဲ့အခါမှာ iPhone တွေရဲ့ Performance ကိုနှေးပစ်တာနဲ့ iPhone Model အသစ်ထွက်တိုင်း Old Model တွေကို Performance မသိမသာ နှိမ့်ရာက စပါတယ်။

UK မှာ ဒီကိစ္စကို လူအများစုကဝိုင်းဝန်း တရားစွဲနေခဲ့တာဖြစ်ပြီး ဒေါ်လာ ၂ ဘီလီယံဒဏ်ကြေးတောင်းဆိုခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ တရားခွင်ရင်ဆိုင်မှုတွေပြီးဆုံးတော့မှာဖြစ်ပြီး ဒေါ်လာသန်း ၅၀၀ ပဲပေးဖို့သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။ အဆိုပါတရားစွဲမှုမှာ ဝိုင်းဝန်းပြီးတိုင်ကြားခဲ့တဲ့ iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone 7, iPhone 7 Plus နဲ့ iPhone SE အသုံးပြုသူတိုင်းဟာ တစ်ယောက်ကို $65 ဆီလျော်ကြေးရမှာဖြစ်ပါတယ်။

Apple ဖက်ကတော့ ဒီကိစ္စဟာ အခြေအမြစ်မရှိတဲ့ကိစ္စလို့ ကနဦးငြင်းဆိုခဲ့ပြီး သူတို့အနေနဲ့ 2015 ထွက် iPhone 6s ကိုသာ Performance ၁၀ ရာခိုင်နှုန်းလျော့ချခဲ့တယ်လို့ ဆိုပါတယ်။

Ref : Reddit

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Sexist ဖြစ်တဲ့ Alexa

Next
Next

Online ကနေ ယူရို၄သောင်း လိမ်လည်ခံလိုက်ရတဲ့ အမျိုးသမီး