၂ နှစ်ကျော် Inactive ဖြစ်နေတဲ့ Gmail တွေကို ဖျက်မယ့် Google

Gmail တွေဖွင့်ထားပြီး မသုံးဖြစ်ပဲ Inactive ဖြစ်နေတာ ၂ နှစ်ကျော်ကြာပြီဆိုရင် ဖျက်ပစ်မယ်လို့ Google က Policy ကိုကြေငြာခဲ့တာ ဒီနှစ်် May ကတည်းကဖြစ်ပါတယ်။ ခုဆိုရင် Inactive ဖြစ်တယ်လို့ သူတို့သတ်မှတ်ထားတဲ့ Gmail တွေကို Notification တွေပို့နေပြီဖြစ်ပါတယ်။

တစ်ကယ်လို့ Inactive ဆက်ဖြစ်နေမယ်ဆိုရင် လာမယ့် 2023 December မှာ ပထမအကြိမ် Gmail တွေကို စတင်ဖျက်ချတော့မှာဖြစ်ပါတယ်။ တစ်ကယ်လို့ ကိုယ့်ရဲ့ Gmail ဖျက်တဲ့အထဲမပါချင်ဘူးဆိုရင်တော့

- Email တစ်စောင်လောက်ပို့တာ

- Google Drive သုံးတာ

- Google Play Service သုံးတာမျိုးတွေ ပုံမှန်လုပ်ပေးမယ်ဆိုရင် Active အကောင့်လို့ ယူဆပြီး ဖျက်တဲ့အထဲ ပါဝင်မှာမဟုတ်ပါဘူး။

အဲ့တော့ Gmail တွေဖွင့်ထားပြီး မသုံးဖြစ်တာကြာရင် Sign In လုပ်ပြီးစစ်ကြည့်ဖို့ သတိပေးလိုက်ပါတယ်။

Ref : Google Support

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Online ကနေ ယူရို၄သောင်း လိမ်လည်ခံလိုက်ရတဲ့ အမျိုးသမီး

Next
Next

iPhone 14 Series လောက်ရောင်းအားသွက်မယ်မထင်ရတဲ့ iPhone 15 Series