လူတိုင်း Messenger end-to-end encryption သုံးလို့ရပြီ

Facebook messenger ရဲ့ end-to-end encryption ကို ၂၀၁၆ မှာစတင်ပြီး မိတ််ဆက်ခဲ့ပါတယ်။ အသုံးပြုသူတွေရဲ့ လုံခြုံရေးအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားပေမယ့် အစပိုင်းမှာ Facebook အသုံးပြုသူတိုင်း အသုံးပြုလို့မရပေမယ့် နောက်ဆုံးမှာ လူတိုင်း end-to-end encrytion ကိုအသုံးပြုလို့ရနေပြီဖြစ်ပါတယ်။ Facebook လည်း Meta လို့ နာမည်ပြောင်းသွားသလို Messenger ရဲ့ Secret Chat လည်း အများကြီး ပြောင်းလဲသွားပြီဖြစ်ပါတယ်။ Messenger မှာ စာပို့တာကိုသာမက၊ ဖုန်းခေါ်တာကိုပါ end-to-end encryption အဖြစ်ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ရွေးချယ်ပြီးပို့ချင်တဲ့ Conversation တွေကိုပဲ end-to-end ပြောင်းနိုင်ပြီး နောက်နှစ်ထဲမှာတော့ ပို့သမျှ Text နဲ့ ဖုန်း call တွေအကုန် အလိုအလျောက် end-to-end encryption ဖြစ်သွားမယ်လို့ဆိုပါတယ်။ Meta အနေနဲ့လည်း ဒီကိစ္စကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ဆိုပါတယ်။

End-to-end encryption ဆိုတာကိုရှင်းပြရရင် ပိုမိုလုံခြုံတဲ့ Message ပို့နည်းပညာလို့ မှတ်ယူနိုင်ပါတယ်။ ရိုးရိုး SMS နဲ့၊ ပုံမှန် Messenger မှာ ပို့လိုက်တဲ့စာတွေဟာ ကြားခံ server တွေကို ဘာမှကုဒ်ဝှက်ထားခြင်းမရှိတဲ့ အချက်အလက်တွေအဖြစ်ဝင်သွားပြီး ကြားဖြတ်ဖမ်းယူကြည့်ရှုနိုင်ပါတယ်။ End-to-end encryption မှာတော့ ကြားဖြတ်ဖမ်းယူခဲ့ရင်တောင် ဖတ်လို့ရတဲ့ စာတွေမဟုတ်ပဲ ကုဒ်ဝှက်ထားတဲ့စာတွေကိုသာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပို့သူနဲ့ လက်ခံသူမှာရှိတဲ့ စကားဝှက်ဖော်ကုဒ်နဲ့မှ စာတွေကိုဖတ်နိုင်အောင်လုပ်ထားတဲ့ ကုဒ်ဝှက်စနစ်ပါ။ အရင်ကဒီစနစ်ကို စာပို့ခြင်းမှာပဲအသုံးပြုနိုင်ခဲ့ပေမယ့် ခုတော့ Messenger Call မှာပါ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Messenger ရဲ့Secret end-to-end encryption မှာတော့ စာပို့တာ၊ ဖုန်းခေါ်တာတွေသာမက တစ်ခြားလုံခြုံရေး ကြိုးပေါက်နိုင်တဲ့ အချက်တွေကိုပါ ထည့်သွင်းစဥ်စားထားပါတယ်။ ပို့လိုက်တဲ့ Message တွေကို လက်ခံသူမြင်ပြီး အချိန်တစ်ခုအတွင််း အလိုအလျောက်ပျက်သွားတာမျိုး၊ Conversation ကို Screenshot ရိုက်ရင် အသိပေးတာမျိုးတွေလည်းပါဝင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံတွေ၊ အသံဖိုင်တွေ၊ Gif တွေကိုပါ End-to-end encryption နဲ့ပေးပို့နိုင်ဦးမှာဖြစ်ပါတယ်။ End-to-end encryption မှာ Forward Message ပို့လို့တော့မရဘူးလို့ဆိုပါတယ်။ Message တွေကို Reactioin ပေးတာမျိုးတွေကိုလည်း ပြုလုပ်နိုင်ဦးမှာပါ။

Cyber လုံခြုံရေးလိုအပ်ချက်တွေရှိနေတဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေမှာတော့ ဒီ Feature ဟာ အရမ်းကိုကောင်းမွန်လိုအပ်တဲ့ အချက်တစ်ခုပါ။ Meta အနေနဲ့ အစဦးပိုင်းမှာ Messenger မှာကြားဖြတ်နားထောင်တာတွေရှိတယ်လို့ ဝေဖန်မှုတွေ၊ တရားစွဲမှုတွေ ရှိလာပြီးတဲ့နောက်ပိုင်းမှာ End-to-end encryption ကိုမိတ်ဆက်ခဲ့ပြီး လုံခြုံရေးကိုအသားပေးတဲ့ စနစ်တွေကို ပြင်ဆင်လာတာဖြစ်ပါတယ်။

Ref : Meta Newsroom

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

5G ကွန်ယက်စနစ်ထောက်ပံ့ထားသော 9 Pro Series ထုတ်ကုန်သစ်များနှင့်အတူ နောက်ဆုံးထုတ် MediaTek Dimensity 920 5G Processor ကိုအသုံးပြုထားသော ပထမဆုံး 9 Pro+ ထုတ်ကုန်ကိုပါ realme က ထုတ်ပြန်ကြေညာ

Next
Next

Oneplus Nord 2T မှာ 80W fast charging ပါဝင်လာနိုင်ဖွယ်ရှိ