Remote Worker တွေအကြိုက်ဖြစ်လာနိုင်တဲ့ Apple Freeform App

ရုံးမှာ Project တစ်ခုအတွက်ဖြစ်ဖြစ်၊ ကျောင်းက Project တစ်ခုအတွက်ဖြစ်ဖြစ် ဦးနှောက်မုန််တိုင်းတိုက်ကြပြီဆိုရင် Team ကနေဖြစ်ဖြစ်၊ Zoom မှာ ပုံတွေဆွဲ၊ Plan တွေချကြတာမျိုးရှိမှာပါ။ ဒါမှမဟုတ် တစ်ကိုယ်တည်း ပုံဆွဲတာ, Note Taking ပုံစံမျိုး လုပ်လေ့ရှိသူဆိုရင် ဒီ App ကိုသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

Apple ကထုတ်ပေးထားတဲ့ ဒီApp က ကိုယ်ပိုင် Canvas အပြင် File တွေ၊ ပုံတွေ၊ စာတွေ Fiel Typeပေါင်းစုံကို တစ်နေရာထဲမှာ Collab လုပ်ပြီး သုံးလို့ရမှာဖြစ်လို့ DrawChart ကိုသုံးဖူးသူဆိုရင် ဒီ Concept ကိုရင်းနှီးမှာပါ။ ဒါပေမယ့် FreeForm မှာ iMessage, FaceTime နဲ့ပါတွဲထားလို့ Video Call ခေါ်ပြီး Team Meeting ပါလုပ်နိုင်လာမှာဖြစ်ပါတယ်။

ကိုယ့်အထင်တော့ MS Team, Zoom တို့လိုမျိုး ခြေလှမ်းဖို့ပြင်လာတယ်လို့ပဲထင်ပါတယ်။ လောလောဆယ်မှာတော့ Free ပေးထားပြီး လူပေါင်း ၁၀၀ ထိ တစ်ပြိုင်နက်အတူတူသုံးလို့ရတယ်လို့ ဆိုပါတယ်။ Apple Ecosystem ထဲကလူတွေအတွက်တော့ နောက်ထပ် Eco System ထဲကမထွက်ချင်ရတဲ့ အကြောင်းအရင်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Ref : Apple

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

OnePlus Monitor India မှာထွက်ပြီ

Next
Next

Ai Powered Chatbot