League of Legends: Wild Rift မှာ Voice Chat ပြန်လည်ပါဝင်လာ

PC version မှာ Fan Base ကြီးသလို ခုနောက်ပိုင်း မြန်မာ MOBA Player တွေကြားမှာ ရေပန်းစားလာတဲ့ LOL: Wild Rift ဟာဆိုရင် စထွက်လာကတည်းက Login Error, Account Error တွေပါလာရုံသာမက MOBA ဂိမ်းတွေမှာ အဓိကကျတဲ့ Voice Chat ကပါ Error ဖြစ်နေခဲ့ပါတယ်။

Riot ကတော့ သူတို့ Website မှာ ဘာလို့ ​Error ဖြစ်ကြောင်းကို အသေးစိတ်ရှင်းပြထားပါတယ်။ Patch 2.4. မှာ Riot အနေနဲ့ Voice Chat ကိုပိုကောင်းအောင်လုပ်ဖို့ Plugin အသစ်ထည့်ပြီးစမ်းခဲ့ပါတယ်။ ဒါပေမယ့် Plugin ထည့်ပြီးနောက်ပိုင်းမှာ အသံထစ်တာတွေ၊ အသံထွက်နိမ့်တာတွေ၊ အသံအတိုးအကျယ်ထိန်းမရတာတွေအပြင် Gameplay ပိုင်းမှာပါ ထစ်တာတွေဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ Voice Chat Error ဖြစ်နေတဲ့အချိန်မှာ နောက်ထပ် Major Update ကလည်း လာခါနီးပြီမို့ ပြင်ဆင်ချိန်မရခဲ့ပဲ Voice Chat ကိုပိတ်ခဲ့တယ်လို့ဆိုပါတယ်။

Patch 2.6 Update မှာ Voice Chat ကို ပြန်ဖွင့်ပေးဖို့ စီစဥ်ခဲ့ပြန်ပေမယ့် Android 12 ဖုန်းတွေမှာ Mic ပိတ်ထားလည်း အလိုအလျောက်ပွင့်နေတဲ့ Bug ထပ်ပေါ်လာလို့ Error မရှင်းရသေးမရှင်း Vocie Chat ကိုလနဲ့ချီပိတ်ထားခဲ့တာဖြစ်ပါတယ်။ ခု Patch 3.0 မှာတော့ America server မှာ Voice Chat ကို Beta Test အနေနဲ့ ပြန်ထည့်ပြီး အဆင်ပြေရင် တစ််ခြား Server တွေမှာလည်း Voice Chat ပြန်ထည့်ပေးတော့မယ်လို့ဆိုပါတယ်။ Amercia Server မှာ 2 ပတ်အတွင်း Player တွေဆီက Feedback ကောင်းရင် တစ်ခြား Server တွေမှာ ပိုစောပြီး Voice Chat ပြန်ရကောင်းရမယ်လို့လည်း ကြောငြာထားပါသေးတယ်။

Riot အနေနဲ့ Core Feature တစ်ခုဖြစ်တဲ့ Voice Chat ကို လနဲ့ချီ ပိတ်ထားခဲ့တာကြောင့် Player တွေဘက်က ဝေဖန်မှုတွေမြင့်တက်နေတာ ကြာပါပြီ။
League of Legends: Wild Rift ဟာ အစောပိုင်းမှာတုန်းက Login Error, Ping မငြိမ်တဲ့ပြဿနာတွ ဆက်တိုက်ပါလာခဲ့ပေမယ့် Patch 2.5 နောက်ပိုင်းမှာတော့ Voice Chat ကလွဲလို့ ကျန််တဲ့ Error တွေကို ရှင်းလင်းပေးခဲ့တာဖြစ်ပါတယ်။

Ref : Riot Twittter

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Oneplus ရဲ့ Flagship Killer ဖုန်းတွေ ပြန်မြင်ရနိုင်ဖွယ်ရှိ

Next
Next

Samsung ရဲ့ Flagship ဖုန်းအသစ် S22 Ultra ရဲ့ Design ပိုင်း render နှင့် Specification များ