Window ကို ပိုမို Security ကောင်းလာစေမဲ့ AMD ရဲ့ Processor အသစ်

AMD Ryzen 6000 series တွေမှာ Microsoft ကိုယ်တိုင်ဒီဇိုင်းရေးဆွဲ Pluton security chip ပါဝင်လာမှာဖြစ်ပါတယ်။Microsoft ရဲ့ Pluton security Chip ပါဝင်တဲ့ပထမဆုံး Lenovo PC ဟာ May 2022 မှာထွက်လာမှာပဲဖြစ်ပါတယ်။ CES 2022 မှာ ပြသခဲ့တဲ့ Lenovo ThinkPad Z series Laptop ရဲ့ AMD Ryzen 6000 CPU တွေထဲမှာ Microsoft ရဲ့ security chip ဖြစ်တဲ့ Pluton ပါဝင်လာမှာပဲဖြစ်ပါတယ်။ တခြားသူတွေရယူနိုင်ခြင်းမရှိဖို့အတွက် အရေးကြီးတဲ့ Password တို့ လက်ဗွေရာ အစရှိတဲ့ Data တွေကို သိုလှောင်ဖို့အတွက် Pluton chip ကို Design ဆွဲထားတာဖြစ်ပါတယ်။ Hacker တွေက နည်းပညာ အသစ်တွေကိုအသုံးချပြီး account password တွေကိုခိုးယူခြင်းပြုလုပ်လာတာနဲ့အမျှ Security defender တွေကလည်း ကာကွယ်နည်း အသစ်တွေကိုအသုံးချလာကျပါပြီ။

Microsoft က Pluton ကို Intel , AMD , Qualcomm တို့နဲ့ပူးပေါင်းပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တီထွင်ဆန်းသစ်ထားတဲ့ Hardware ကိုအသုံးပြုပြီး software ပိုင်း security ပိုမိုကောင်းမွန်စေဖို့အတွက်ပါ။Pluton chipset မှာစိတ်ဝင်စားဖို့ကောင်းတဲ့ Analogy တစ်ခုသုံးထားပြီး တန်ဖိုးကြီး Document တွေနဲ့ ကိုယ်ရဲ့ Data တွေကိုလုံခြုံစွာသိမ်းဆည်နိုင်မှာဖြစ်ပါတယ်။

Microsoft ကလည်း Xbox One series တွေထဲမှာ အလားတူ ကာကွယ်မှုမျိုးလုပ်ထားပါတယ်။ အဲ့တော့ ဂိမ်းစက်ကြီးကိုဖွင့်ပြီး chipset ကိုကလိလိုက်ရင် Jail လုပ်တာတို့ ဂိမ်းကိုပိုက်ဆံနဲ့မဝယ်ပဲခိုးဆော့တာတို့လုပ်ကြပါတယ်။

Hardware ရဲ့အားသာချက်နဲ့ Software ရဲ့ security ပိုင်းကိုကောင်းမွန်အောင်လုပ်တာ Pluton တစ်ခုထဲမဟုတ်ပါဘူး။ Hardwar security ထဲမှာနာမည်ကြီးတာကတော့ Trusted Platform Module (TPM) တွေပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အရေးကြီး အချက်အလက်တွေကိုသိမ်းဖို့အတွက် chipset တစ်ခုသက်သက်ထားလိုက်တော့ CPU ကို အလုပ်ထပ်မရှုပ်စေတော့ပါဘူး။ ဒါပေမဲ့ဒီလိုမျိုး Chipset သက်သက်နဲ့ကာကွယ်ထားခြင်းက Laptop ကိုအဖုံးဖွင့်ပြီး Hardware ကို Bypass လုပ်လိုက်မယ်ဆို security ပိုင်းပေါက်ကြားနိုင်တဲ့ အန္တရယ်တော့ရှိပါတယ်။

Author: Hein Htet

Ref: Lifewire

 

Previous
Previous

November Update အပြီး bug တွေပိုများလာတဲ့ Pixel 6 Pro

Next
Next

OnePlus 10 Pro 5G ကို China မှာမိတ်ဆက်