Nuke နဲ့ပစ်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ Damage တွေတွက်နိုင်တဲ့ Simulation Website

မနေ့ကပဲ တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေတဲ့ ထိုင်ဝမ်ကိစ္စကို အစပြုပြီး မိတ်ဆက်ပေးချင်တဲ့ Website လေး ၂ ခုရှိပါတယ်။ နဲနဲတော့ ထူးဆန်းပေမယ့် ကလိချင်တဲ့သူတွေအတွက် အပျင်းပြေသလို တစ်ကယ့် Science နဲ့ တွက်ချက်ပြီး လုပ်ထားလို့ ဗဟုသုတ ရမယ့် Website တွေပါ။ တစ်ကယ်လို့ ချကြပြီဆိုရင် ဒီဖက်ခေတ်မှာက သိကြတဲ့အတိုင်း လူမလာပဲ ဒုံးတွေ၊ Bomb တွေပဲလာကြတာမို့ အပျင်းပြေ ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁. NUKEMAP
ဒီကောင်က ကမ္ဘာ့တစ်လွှားက မြို့ကြီးတွေပေါ်ကို နူကလီးယား ကြဲလိုက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အပျက်အစီးတွေ၊ Blast Radius တွေကို သိပ္ပံနည်းကျ တွက်ချက်ပေးနိုင်တဲ့ Simulation တွေထုတ်ပေးနိုင်ပါတယ်။ ကိုယ်ကြဲချချင်တဲ့ မြို့ရယ်၊ သူမှာထည့်ပေးထားတဲ့ Nuclear Bomb အမျိုးအစားကို ရွေးချယ်ပြီး Detonate လုပ်လိုက်တာနဲ့ ဘယ်ဒေသတွေက ဘယ်လို Damage အမျိုးအစားဖြစ်မယ်။ အထိအခိုက် အပျက်အစီးဘယ်လောက် ဖြစ်မယ်ဆိုတာကို တွက်ချက်ပေးတာဖြစ်ပါတယ်။ Bomb ကိုလည်း အမေရိကန်ကလား၊ တရုတ်ကလား၊ အိန္ဒိယလား Preset တွေပါဝင်ပြီးသားမို့ လွယ်လွယ်လေး ရွေးလို့ရပါတယ်

၂. MISSILEMAP
ဒီကောင်ကတော့ ကမ္ဘာ့နိုင်ငံတွေရဲ့ တာဝေးပစ်ဒုံးတွေနဲ့ ပစ်ခတ်မယ်ဆိုရင် ဘယ်လောက်ထိ အဝေးကြီးသွားနိုင်မလဲ၊ ဒုံးတွေ ဘယ်လိုပုံစံတွေနဲ့၊ ဘယ်လိုလမ်းကြောင်းတွေကနေ သွားနိုင်မလဲဆိုတာ Simulation လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သမိုင်းမှာဖြစ်ဖူးတဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေကို မူတည်ပြီး Simulation လုပ်ပြီး Missile ပစ်လွှတ်မှုတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီကောင်မှာလည်း ကမ္ဘာ့နေရာမျိုးစုံကို မူတည်ပြီး ပစ်လွတ်မှုတွေ ပြုလုပ်နိုင်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Nothing Phone Lite ထွက်လာနိုင်မလား

Next
Next

AI ကိုအသုံးပြုပြီး ပုံဆွဲခိုင်းကြမယ်