Nothing Phone Lite ထွက်လာနိုင်မလား

တစ်ကယ်လို့ ဖုန်းတွေကို နာမည်ပေးတာကိုအစဥ်လိုက်အတိုင်းပေးမယ်ဆိုရင် Nothing Phone 1 ပြီးတာနဲ့ နောက်ထွက်မယ့် ဖုန်းဟာ Nothing 2 ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ကြားလာရတဲ့ သတင်းတွေအရတော့ Nothing Phone 1 အဆက် Nothing Phone 1 Lite ထွက်လာဖို့ ရှိတယ်လို့ ကြားရပါတယ်။ ကုမ္ပဏီဖက်ကတော့ ဒီသတင်းကို ငြင်းဆိုထားပေမယ့် သတင်းတွေကတော့ တိတိကျကျကို ထွက်လာခဲ့တာဖြစ်ပါတယ်။

Nothing Phone 1 Lite ထွက်လာမယ်ဆိုရင် Nothing Phone 1 ထက်ပိုပြီး Nothing ပါလိမ့်မယ်။ 1 တုန်းကလို နောက်ကျောမှာ ဘာ LED မှမပါသလို၊ Wireless Charging လည်း ပါမှာမဟုတ်ပါဘူး။ ဒါ့ပေမယ့် အဲလို ထူးထူးဆန်းဆန်း တွေမပါပေမယ့် 33W Charging ကို Support ပေးမယ့်အပြင်၊ 1 တုန်းက မပါတဲ့ 42W Charger ကိုလည်း ထည့်ပေးထားမှာဖြစ်ပါတယ်။ Battery ကိုလည်း ပိုကြီးတဲ့ 5000 mAh ကိုသုံးထားမှာဖြစ်လို့ ပိုပြီး ယနေ့လိုအပ်ချက်တွေနဲ့ နီးစပ်တဲ့ Phone လို့သုံးသပ်နိုင်ပါတယ်။

Nothing ဖက်ကတော့ ဒီသတင်းကို ဖင်ပိတ်ငြင်းထားပေမယ့် သတင်းတွေကတော့တော်တော်လေး ခိုင်ခိုင်မာမာကို ထွက်ပေါ်လာတာဖြစ်ပါတယ်။ Nothing Phone 1 မှာတုန်းက LED တွေကြောင့် နေရာယူသွားတဲ့ Space တွေမှာ ပိုကြီးတဲ့ Battery, ပိုမြန်လာတဲ့ Charging နဲ့ တစ်ကယ်လိုအပ်တဲ့ Charger လိုမျိုးတွေ ထည့်ပေးလာနိုင်တဲ့ ဒီ Model ကို ပိုကြိုက်သလား၊ ခေတ်ရှေ့ပြေးပြီး Nothing Signature အဖြစ်ထွက်လာတဲ့ LED Glyph ပါတဲ့ Original Version ကိုကြိုက်သလားဆိုတာတော့ မိတ်ဆွေတို့ ကိုယ်တိုင်ပဲ ဆွေးနွေးသွားနိုင်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ခရီးသွားခွင့် ပြန်ဖွင့်တာနဲ့အတူ Airbnb Booking စံချိန်တင်မြင့်တက်

Next
Next

Nuke နဲ့ပစ်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ Damage တွေတွက်နိုင်တဲ့ Simulation Website