November Update အပြီး bug တွေပိုများလာတဲ့ Pixel 6 Pro

Google ရဲ့ကိုယ်ပိုင် Tensor chip အသစ်နဲ့ Pixel 6 Pro ဟာစထွက်ထဲက error ပေါင်း တစ်သောင်းခြောက်ထောင်လောက်နဲ့ ထွက်လာတာဖြစ်ပါတယ်။ fingerprint sensor ကနှေးနေတာ emergency call တွေအလိုအလျောက်ထခေါ်တာ စသဖြင့်မရိုးနိုင်တဲ့ error တွေဟာဖုန်းစထွက်ပြီး user တွေလက်ထဲစရောက်ထဲကတစ်မျိုးပြီးတစ်မျိုး ကြုံနေရတာပါ။ Smartphone company အားလုံးနီးပါးမကြုံဖူးတဲ့ပြဿနာမဟုတ်ပေမယ့် Google ရဲ့ Pixel 6 series(အထူးသဖြင့် Pixel 6 Pro) ရဲ့ error တွေဟာ စတင်ရောင်းချချိန်ကနေ ၃လနီးပါးလောက်ကြာတဲ့အချိန်ထိ မပြီးပြတ်နိုင်သေးပါဘူး။

ဒီ error တွေဟာ November security patch အပြီးမှာတော့ပိုလို့ဆိုးလာပါတယ်။ YouTuber Marques Brownlee ကိုယ်တိုင်က ဒီ error တွေကြောင့် Pixel 6 Pro ကနေ Galaxy S21 Ultra ကိုပြန်ပြောင်းကိုင်နေရကြောင်းကို twitter မှာတက်ပြီး tweet ထားပါတယ်။

သူ့ရဲ့ tweet အောက်မှာလဲ Pixel 6 Pro user တွေဟာသူတို့ကြုံတွေ့ရတဲ့ bug တွေအကြောင်းကိုပြန်လည်ဝေမျှထားကြပါတယ်။

အများဆုံးကြုံတွေ့ကြတဲ့ပြဿနာကတော့ ပုံမှန်သုံးနေရင်းနဲ့ refresh rate က 120Hz ကနေသိသိသာသာထိုးကျသွားတာမျိုး၊ auto brightness ကထထပွင့်တာ၊ camera app ကအရမ်း လေးလံတာမျိုးတွေအပြင် fingerprint scanner ကနှေးနေသေးတာ စတာတွေပဲဖြစ်ပါတယ်။

ဒါတွေထဲကတချို့ဟာ Pixel စရောင်းထဲကကြုံရတဲ့ပြဿနာတွေဖြစ်ပြီး December update နဲ့ bug တော်များများကို Google ကဖြေရှင်းပေးခဲ့ပါတယ်။

ဒါပေမယ့် December update ကိုတော်တော်များများမရကြသေးပဲ sideload ပြီးတင်လို့ပဲရပါသေးတယ်။ ဒါ့အပြင်တင်ပြီးတဲ့အခါမှာ bug အချို့ပြေလည်သွားပေမယ့် နောက်ထပ် အချိန်အကြာကြီး signal ပျောက်တတ်တဲ့ error အသစ်တွေထပ်ပေါ်လာပါတယ်။ ဒီ့အတွက်ကြောင့် December update ကို user တွေအကုန်မရခင်မှာရပ်ပစ်ခဲ့တာဖြစ်ပြီး December patch ကို update တင်ထားမိတဲ့ user တွေကို flash tool နဲ့ November update ကိုပြန်ဆင်းဖို့ Google ကအကြံပြုထားပါတယ်။ ဒါ့ကြောင့်အခုလက်ရှိတွေ့နေရတဲ့ bug မှန်သမျှကို January update မှာဖြေရှင်းပေးလာဖို့ကိုပဲ user တော်တော်များများကမျော်လင့်နေကြပါတယ်။

Screen flickering ဖြစ်နေတဲ့ Pixel 6

အပေါ်မှာပြောပြခဲ့တာဟာ Pixel 6 series ကိုစတင်ရောင်းချထဲက user တော်တော်များများကြုံတွေ့ရတဲ့ bug အချို့သာဖြစ်ပြီး Google ဖြေရှင်းရမယ့် bug စုစုပေါင်း ၆၈ခုလောက်ထိရှိပါတယ်။

Marques ကိုယ်တိုင်ကလဲ ဖုန်းပြောင်းကိုင်လိုက်ရတဲ့အတွက် $900 စျေးနှုန်း smartphone တွေထဲမှာ Pixel 6 Pro ကို recommend လုပ်ပေးလို့မရတော့ဘူးလို့ သူ့ရဲ့ tweet မှာရေးထားပါတယ်။

ref; twitter

Previous
Previous

Qualcomm ရဲ့ Snapdragon chipset အသစ်တွေက Samsung ရဲ့ Exynos chipset တွေအတွက်အိမ်မက်ဆိုးလား?

Next
Next

Window ကို ပိုမို Security ကောင်းလာစေမဲ့ AMD ရဲ့ Processor အသစ်