Qualcomm ရဲ့ Snapdragon chipset အသစ်တွေက Samsung ရဲ့ Exynos chipset တွေအတွက်အိမ်မက်ဆိုးလား?

အခုဆိုရင် Qualcomm ရဲ့ Snapdragon 888 Processor ရဲ့မျိုးဆက်သစ်ဖြစ်လာမဲ့ Snapdragon 8 Gen 1 Phone တွေဟာဒီနှစ်ထဲမှာစျေးကွက်ထဲကို ဒလဟော ဝင်လာတော့မှာဖြစ်ပါတယ်။ အဲ့တော့ Exynos ရဲ့နောက်ဆုံးထွက်ထားတဲ့ 2100 chipset တွေက Snapdragon 888 နဲ့ ယှဉ်ရင် thermal ပိုင်းနဲ့ Efficiency ပိုင်းမှာမမှီသေးပါဘူး။ အပူချိန်ပိုင်းနဲ့ပတ်သက်ပြီး Samsung က Copper cooling coin တွေနဲ့ဖြေရှင်းနေပေမဲ့ ထင်သလောက်အလုပ်မဖြစ်သေးပါဘူး။ Exynos 2100 chipset တွေက ARM CPU core တွေဖြစ်ပြီး Snapdragon 888 လိုပါပဲ။ Exynos ရဲ့ Snapdragon ကြား Performance ကွာခြားချက်ကိုလျှော့ချပေးမဲ့ Qualcomm က Efficiency ဖြစ်မှုအပိုင်းမှာ သာနေတုန်းပါပဲ။ Samsung အနေနဲ့ Processor ပိုင်းမှာ Snapdragon chipset တွေကိုနောက်ကောက်ချပြီးတခြား ဖုန်းထုတ်လုပ်သူတွေကိုရောင်းချနိုင်ဖို့အထိက Exynos ထုတ်လုပ်ရေးရဲ့အဓိကပန်းတိုင်ဖြစ်ပုံရပါတယ်။ ဒါပေမဲ့စျေးကွက်ထဲမှာက Android Flagship ဖုန်းဆိုရင်တော်တော်များများက Snapdragon ရဲ့ high end chipset တွေကိုပဲရွေးချယ်ကြပါတယ်။ Samsung အတွက်နောက်ထပ် ခေါင်းခဲစရာတစ်ခုက MideaTek ရဲ့ Dimensity chipset တွေကို Budget နဲ့ midrange ဖုန်းထုတ်လုပ်သူတွေတော်တော်များများကပါရွေးချယ်လာကြတာပဲဖြစ်ပါတယ်။ High end မှာဆိုရင် Snapdragon နဲ့ Apple ရဲ့ A chipset တင်မဟုတ်ပဲ Google Tensor chip ပါဝင်လာပြီပဲဖြစ်ပါတယ်။ အဲ့တော့ Flagship ကော Mid-range ကော Budget မှာကော Samsung အတွက် Exynos တွေက စျေးကွက်တစ်နေရာအတွက်ခက်ခဲလာတာပဲဖြစ်ပါတယ်။

အဲ့တာကြောင့်လဲ Exynos ဟာ Snapdragon ကိုစျေးကွက်ကိုအမှီလိုက်နိုင်ဖို့အတွက် 2019 ခုနှစ်မှာ AMD နဲ့လက်တွဲလိုက်တာပဲဖြစ်ပါတယ်။ AMD လိုမျိုး GPU ထုတ်လုပ်သူအကြီးစားကြီနဲ့လက်တွဲလိုက်တာ ဟာ Samsung အတွက် တော်တော်ကောင်းမွန်တဲ့ခြေလှမ်းတွေပါပဲ။ Samsung က AMD နဲ့လက်တွဲပြီးနောက်မှာ သူရဲ့ ကိုယ်ပိုင် GPU ထုတ်လုပ်ခြင်းလုပ်ငန်းကို အပြီးရပ်ပစ်လိုက်ပြီးနောက်မှာ Samsung က သူ့ရဲ့နောက်ပိုင်း mobile processor တွေမှာ AMD ရဲ့ Radeon Graphic ကိုသုံးမယ်လို့ကြေငြာထားပါတယ်။ နောက်ထွက်လာမဲ့ Samsung ရဲ့ Exynox 2200 chipset တွေမှာ AMD ရဲ့ Radeon GPU ပါဝင်လာမဲ့ ပထမဆုံး chipset တွေဖြစ်လာမဲ့လို့ခန့်မှန်းရပါတယ်။ Exynos 2200 ကို January 11 ရက်နေ့မှာ ကြေငြာမယ်လို့ပြောထားပေမဲ့ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲ့တော့ 2200 ကို S22 series နဲ့အတူပဲတွေ့ရတော့ဖို့ရှိပါတယ်။

အစောပိုင်းတွေ့ရှိချက်တွေအရတော့ Exynos 2200 ရဲ့ GPU ပိုင်း Performance ဟာ တခြား GPU တွေထက်ပိုပြီး သာလွန်နေတယ်လို့ဖော်ပြထားပါတယ်။ ကောလဟာလသတင်းတွေအရတော့ Exynos 2200 ဟာစျေးကွက်တင်ပို့ဖို့ S22 မိတ်ဆက်တဲ့အချိန်မှာအဆင်သင့်ဖြစ်နေဦးမှာမဟုတ်ပဲ နှစ်ကုန်ပိုင်းကျတော့မှ တခြားဖုန်းနဲ့အတူတွဲပြီးထွက်လာမယ်လို့လည်းကြားနေရပါတယ်။ အဲ့လိုဖြစ်လာခဲ့ရင် S22 series ကို Global မှာ Snapdragon 8Gen 1 chipset နဲ့ပဲတွေ့ရဦးမှာဖြစ်ပါတယ်။ အဲ့တော့ Exynos 2200 ဟာဒီထက်ပိုပြီး Delay ဖြစ်နေခဲ့မယ်ဆိုရင် Snapdragon 8 Gen 1 ကို နှစ်လည်ပိုင်းမှာဒီထက်ပိုပြီး အဆင်မြင့်တင်ခဲ့မယ်ဆိုရင် ဥပမာ 8 Gen 1 plus တွေ ထပ်ထွက်လာခဲ့မယ်ဆိုရင် Samsung အတွက်တော့နှာတစ်ဖျားအကြောခံရဦးမှာဖြစ်ပါတယ်။

 Author: Hein Htet

Ref: Sam mobile

Previous
Previous

AMD RDNA 2 Architecture ပါဝင်တဲ့ Exynos 2200 Processor

Next
Next

November Update အပြီး bug တွေပိုများလာတဲ့ Pixel 6 Pro