ခရီးသွားခွင့် ပြန်ဖွင့်တာနဲ့အတူ Airbnb Booking စံချိန်တင်မြင့်တက်
ကိုဗစ်ကြောင့် ခရီးသွားခွင့်တွေပိတ်ထားလို့ လူတွေလည်း အတော်လေးပျင်းနေကြပြီဖြစ်ပါတယ်။ Airbnb ဆိုတာက အနောက်နိုင်ငံတွေအပါအဝင် အာရှနိုင်ငံတော်တော်များများမှာလည်း အိမ်ရှင်နဲ့ အိမ်ငှားတိုက်ရိုက်ချိတ်ဆက်ပြီး Online ကနေအခန်းငှားနိုင်တဲ့ Website ပဲဖြစ်ပါတယ်။ Airbnb ကတော့ ခုလို ကုန်ဈေးနှုန်းတွေတက်၊ စီးပွားရေးတွေ အကုန်နှောင့်နှေးနေပေမယ့် ခရီးသွားတွေကတော့ သွားမြဲသွားဆဲလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ April ကနေ June ထိ သန်း 104သန်းခန့်ထိ Airbnb မှာ အခန်း Booking တွေတင်တတ်ကြပြီး စံချိန်တင် Website ကိုဝင်ကြည့်သူတွေများခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အခန်းငှားတဲ့သူတွေမှာ Long-term နေတဲ့သူတွေပိုများပြီး Remote အလုပ်တွေ၊ Work From Home တွေခေတ်စားလာပြီးနောက်ပိုင်း ခုလို Long-Term သမားတွေများလာတာဖြစ်ပါတယ်။ အလားတူ International နဲ့ ပြည်တွင်းခရီးသွားတွေကလည်း နောက်ပိုင်းမှာ Long Stay နေတာကို ပိုပြီးရွေးချယ်လာတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ ခရီးသွားတွေများတဲ့ Summer ခရီးသွားချိန်ကို စပြီးရောက်လာပြီဖြစ်လို့ ငှားဖို့ List လုပ်တဲ့ အခန်းတွေလည်းပိုများလာသလို၊ အခန်းငှားတွေလည်း ပိုများလာပါတယ်။ ကြားထဲမှာ ခရီးသွားတွေကို ကန့်သတ်လိုက်တာဟာ အပြင်ပန်းကြည့်ရင် ခရီးသွားလုပ်ငန်းတွေကို ထိခိုက်သလိုဖြစ်စေပေမယ့် တစ်ကယ်မှာတော့ ပိုကောင်းအောင် လုပ်ပေးလိုက်တယ်လို့ ကုမ္ပဏီဖက်ကဆိုပါတယ်။
ခုလိုကြားထဲမှာ နားလိုက်တဲ့အတွက် ခရီးသွားတွေပြန်ဖွင့်လိုက်တဲ့အခါ ပိုပြီးအင်တိုက်အားတိုက် ခရီးသွားတွေပြန်များလာသလို၊ အရင်လို ခေတ္တနေကြတာမဟုတ်ပဲ၊ Long Stay တွေ၊ ကိုဗစ်ကြောင့် Work From Home သမားတွေကလည်း နှစ်နဲ့ချီပြီး အခန်းတွေငှားကြတာဖဖြစ်လို့ ပိုပြီးအခန်းငှားတွေ အလုပ်ဖြစ်ပြီး ကုမ္ပဏီအနေနဲ့ မနှစ်က ဒေါ်လာ 68 သန်း အရှုံးပေါ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ လက်ရှိအချိန်ထိ အမြတ် ဒေါ်လာ 379 သန်းရရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။
Ref : CNN