Nothing Phone 2 လာဖို့မရှိသေးပဲ ရှိပြီးသား Product တွေပေါ်ပဲ အာရုံစိုက်မယ့် Carl Pei

Nothing Phone 2 လာဖို့မရှိသေးသလို၊ တစ်ခြား Brand တွေလိုပဲ တစ်နှစ်ကို ဖောချင်းသောချင်းထုတ်တာမျိုး လုပ်မှာမဟုတ်ပဲ ရှိပြီးသား Products တွေနဲ့ Software Update ကိုပဲ အာရုံစိုက်သွားမယ်လို့ Nothing Phone CEO Carl Pei ကို Twitter မှာရေးသားခဲ့ပါတယ်။

ဒါ့အပြင် Nothing ကိုစတင်ရောင်းချတုန်းက US Market အတွက် ISP တွေနဲ့အလျင်မှီအောင်မချိတ်နိုင်လို့ US မှာ ရောင်းချနိုင်ခြင်းမရှိခဲ့ပါဘူး။ လောလောဆယ်မှာတော့ Carl Pei အနေနဲ့ US ဖုန်း Carrier တစ်ချို့နဲ့ စကားပြောနေပြီဖြစ်ပြီး နောက်ထွက်လာမယ့် ဖုန်းတွေအတွက် စကားပြောနေတယ်လို့ဆိုပါတယ်။

လောလောဆယ် US Market မှာရောင်းချမယ်ဆိုရင် ပေါက်နိုင်ချေရှိပေမယ့်လည်း မသေချာတဲ့ Risk ကိုမယူပဲ ပိုမိုသေချာတဲ့ဈေးကွက်မှာသာ အခိုင်အမာနေရာယူဖို့စဥ်စားနေပြီး Software Update တွေကိုလည်း ပုံမှန်ပေးနိုင်အောင်ကြိုးစားသွားမယ်လို့ ဆိုပါသေးတယ်။ ၂၀၂၁ မှာ ဝင်ငွေ ဒေါ်လာ ၂၅ သန်းသာရှိပေမယ့် ၂၀၂၂ မှာ ဝင်ငွေ ဒေါ်လာ သန်း ၂၅၀ ထိမြင့်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ငန်းတိုးချဲ့နိုင်အောင်လည်း ဝန်ထမ်းဦးရေကို ၂ ဆတိုးမြှင့်ခန့်ထားပြီးဖြစ်ပါတယ်။ တစ်ကယ်တော့ ခုမှစပြီး ဈေးကွက်ဝင်ခါစ ကုမ္ပဏီတစ်ခုအနေနဲ့ Product တွေပေါပေါပဲပဲ ထုတ်တာထက်စာရင် တစ်နှစ်ကို Product နည်းနည်းနဲ့ ကွာလတီအသားပေး Product Plan ကို သဘောကျမိပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Huawei နဲ့ Oppo တို့ပူးပေါင်းပြီး နည်းပညာမျှဝေသွားမည်

Next
Next

App Store မှာ Pricing Plan အသစ်သတ်မှတ်ပေးလိုက်တဲ့ ​Apple