App Store မှာ Pricing Plan အသစ်သတ်မှတ်ပေးလိုက်တဲ့ ​Apple

အရင်တုန်းက App Store မှာ Paid App တွေကို အများဆုံး $1000 ထိပဲ ထားခွင့်ပေးရာကနေ ခုတော့ $10,000 ထိတိုးမြှင့်ပေးလိုက်ပါတယ်။ အနည်းဆုံးပမာဏကတော့ $0.29 ပဲဖြစ်ပါတယ်။ ဒါ့အပြင် App Dev တွေအနေနဲ့ နိုင်ငံအလိုက် Currency ကိုလည်း သတ်မှတ်ခွင့်ပေးလိုက်ပါတယ်။​

ဒါ့ကြောင့် App သုံးတဲ့သူတွေအနေနဲ့ ကိုယ်ကြိုက်တဲ့ Storefront ကိုရွေးချယ်ခွင့်ရှိသလို App Dev တွေက Curency တွေ၊ Taxes တွေကိုအလိုအလျောက် တွက်ချက်ပေးနိုင်အောင်ပြုလုပ်ပေးနိုင်တော့မှာပါ။ ဒါကြောင့်နိုင်ငံအလိုက် App Subscription ခတွေလည်း အနည်းငယ်ကွဲပြားသွားနိုင်ပါတယ်။

ဒီလို ​Pricing Plan အသစ်ကြောင့် Dev တွေလည်းပိုအဆင်ပြေလာနိုင်သလို၊ Apple ကလည်း အမြတ်ကြီးစားရုံပါပဲ။ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ပေါက်ကရ Scam App တွေ App Store ပေါ်တက်လာနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် Apple အနေနဲ့နောက်ပိုင်း ဒီကိစ္စတွေ ဖြေရှင်းဖို့ Solution ရှိပြီးသားလို့တော့ Apple တရားရေးဆိုင်ရာ ဌာနကတော့ ထုတ်ပြန်ထားပါတယ်။

Ref : 9to5Mac

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Nothing Phone 2 လာဖို့မရှိသေးပဲ ရှိပြီးသား Product တွေပေါ်ပဲ အာရုံစိုက်မယ့် Carl Pei

Next
Next

ပွဲရွှေ့လိုက်ရတဲ့ Xiaomi 13 ဖုန်း December 11 ရက်နေ့ပြန်လာမည်